- လူထုအဖွဲ့များက မြန်မာ့လူ့အခွင့်အရေးကို အာဆီယံသို့ တင်ပြမည် - မဇ္ဈိမ click here
- တက္ကစီအငှားဈေးကွက် စီးသူဈေးကွက်ဖြစ်လာ - မဇ္ဈိမ click here
- ဖူးကက်တွင် လုံခြုံရေးတင်းကျပ်၍ မြန်မာပြည်သားများအခက်တွေ့ - ဧရာဝတီ click here
- လေဆင်နှာမောင်းသတင်း အစိုးရဖော်ပြချက် အဖြစ်မှန်နှင့်ကွဲလွဲ - ခေတ်ပြိုင် click here
- လျှို့ဝှက်သတင်းပေါက်ကြားမှုဖြင့် စစ်အရာရှိများ ဖမ်းဆီးခံရ - ဧရာဝတီ click here
- တရားမ၀င် တပတ်ရစ်ကားများစွာ ထိုင်းမှတဆင့် တင်သွင်းနေ - ဧရာဝတီ click here
- ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ရန် ပါတီဖွဲ့မည် - မဇ္ဈိမ click here
- ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုစာအုပ် ထုတ်ဝေခွင့် ကြန့်ကြာနေ - မဇ္ဈိမ click here
- ပြည်ပ မီဒီယာတစ်ချို့ကြောင့် ပြည်တွင်းမီဒီယာသမားများ ထိခိုက်မှုရှိကြောင်း စာရေးဆရာကျော်ဝင်းပြောဆို - မိုးမခ click here
- စစ်လည်းမဖြစ် ငြိမ်းချမ်းရေးလည်းမရ (သို့မဟုတ်) ညွှန်းဆိုချင်တဲ့ စာအုပ်လေးတစ်အုပ် - နေ့သစ် click here
- ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာပါဝင်နေဆဲ - အာရ်အက်ဖ်အေ click here
Saturday, July 18, 2009
(၁၈.၇.၂၀၀၉) ရက်နေ့မြန်မာနိုင်ငံသတင်းများ
Posted by ပိတောက်မြေ at 12:01:00 AM 0 comments
Labels: သတင်း
Friday, July 17, 2009
(၁၇.၇.၂၀၀၉) ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- အာဆီယံ ထိပ်သီးစည်းဝေးပွဲ မြန်မာ့အရေး လွှမ်းမိုးဖွယ်ရှိ - ဗွီအိုအေ click here
- အာဆီယံပွဲတွင် မြန်မာ့အရေး ကလင်တန်ပြောမည် - ဧရာဝတီ click here
- မြန်မာ့ဒီမိုကရေစီရေး အာဆီယံဝိုင်ဝန်း တိုက်တွန်းဖို့ ဘန်ကီးမွန်ပြောကြား - အာရ်အက်ဖ်အေ click here
- မြန်မာစစ်အစိုးရလက်ထက် ပြည်ပအကူအညီ နည်းပါးနေရခြင်း အကြောင်းအရင်းများ - အာရ်အက်ဖ်အေ click here
- အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးအဓိက ထားမည် - အာရ်အက်ဖ်အေ click here
- ဒေါ်အောင်ဆန်းစုကြည်သည် ရှေ့နေများနှင့် ထပ်မံ တွေ့ဆုံမည် - မဇ္ဈိမ click here
- မြန်မာတွင် H1N1 တွေ့ရှိမှုမှာ အကင်းမျှသာရှိသေးဟု ကန် ကျွမ်းကျင်သူ ပြော - မဇ္ဈိမ click here
- နှစ်နိုင်ငံနယ်စပ် A (H1N1) စစ်ဆေးမှု လုံလောက်မှု မရှိသေး - မဇ္ဈိမ click here
- ဆရာတော်တပါး ကျောင်းသူလေးများအား အဓမ္မပြုကျင့်ဟု စွပ်စွဲခံရ - မဇ္ဈိမ click here
- နိုင်ငံရေး အကျဉ်းသားများလွှတ်ရန် မိသားစုဝင်များ မျှော်လင့်ချက်မထား - ဧရာဝတီ click here
- စစ်အစိုးရ ပြောတိုင်းမယုံပဲ လက်တွေ့ လုပ်ရပ်ကို ကြည့်ဖို့ တိုက်တွန်း - အာရ်အက်ဖ်အေ click here
- NLD လူငယ်များအတွက် ဥပဒေပညာပေးသင်တန်း စတင် - အာရ်အက်ဖ်အေ click here
- လုံခြုံရေးကောင်စီမှ သင့်တော်သည့် ဆုံးဖြတ်ချက်ချဖို့ တပ်ပေါင်းစု ၇ ခုပြောဆို - အာရ်အက်ဖ်အေ click here
- ထောင်ဒဏ် ၃၉နှစ်ကျ ဆရာတော်အား ၁၆နှစ် လျှော့ပေး - အာရ်အက်ဖ်အေ click here
- နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် သုခဆေးခန်း မြောက်ဒဂုံကို ရွှေ့မည် - အာရ်အက်ဖ်အေ click here
- နိုင်ငံကူးလက်မှတ် ပွဲစား ၈၀ ကျော်အဖမ်းခံရ - မိုးမခ click here
- (၆၂) မြောက် အာဇာနည်နေ့ အစီအစဉ်များ အပါအဝင် လှုပ်ရှားမှုသတင်းများ - ယနေ့မြန်မာ click here
- ရဲဖက်ထောက်လှမ်းရေးများ ဆိုင်ကယ်စီးခွင့် အပိတ်ခံထားရ - မိုးမခ click here
- ပြည်သူ့စစ်အဖွဲ့ဝင် ပစ်ခတ်မှုကြောင့် ရှမ်းအမျိုးသမီးလေး ဒဏ်ရာရ - မဇ္ဈိမ click here
- စစ်အစိုးရ ကမ်းလှမ်းချက် KIO ဈေးဆစ် - ဧရာဝတီ click here
- မြန်မာများနှင့် စင်္ကာပူ သင်္ဘော၊ ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ အလုပ်အကိုင်များ - မဇ္ဈိမ click here
- မဲဆောက်က မြန်မာကလေးငယ်တွေလည်း ဝက်တုပ်ကွေး စိုးရိမ် - ဧရာဝတီ click here
- ဗြိတိန်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပူးပေါင်း ပါဝင်ရန် ဘင်္ဂလာဒေ့ခ်ျကို တိုက်တွန်း - နိရဉ္စရာ click here
- အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများဆွေးနွေးမည် - ခေတ်ပြိုင် click here
- ကချင်ပြည်နယ် အစိုးရသစ်တွင် အာဏာရရှိရေး ကေအိုင်အို တောင်းဆို - သတင်းနှင့် မီဒီယာကွန်းယက် click here
- နယ်ခြားစောင့်တပ်အသွင် ကေအိုင်အို လက်မခံ ကချင်ဒေသ လုံခြုံရေးတပ်ဖွဲ့အဖြစ် ပြောင်းရန်ဆန္ဒရ - ခေတ်ပြိုင် click here
- တရုတ်-မြန်မာနယ်စပ် မှောင်ခိုးကုန်သွယ်ရေး ဆက်လက်ရှိနေ - ခေတ်ပြိုင် click here
- ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းသားထက်ဝက်ခန့် ကျောင်းမတတ်နိုင် - ရိုးမ - ၃ click here
- ဖာကန့်ရေကြီးမှု ကူညီကယ်ဆယ်ရေး အခြေအနေ - ဒီဗွီဘီ click here
- မြန်မာရှေ့ဟောင်းပစ္စည်း ခိုးထုတ်မှု မြဝတီ-မဲဆောက်တွင် အချက်အခြာကျ - ဒီဗွီဘီ click here
- အလုပ်သမားများအတွက် ပတ်စ်ပို့ရုံးဖွင့်ပေမယ့် လာလုပ်မည့်သူမရှိ - ဒီဗွီဘီ click here
- အဇာတသတ် ဇာတ်လမ်းသစ် (ဆောင်းပါး) - ခေတ်ပြိုင် click here
- ထိုင်းနယ်မြေအတွင်း ဝှက်ထားသည့် လက်နက်များတွေ့ရှ - ခေတ်ပြိုင် click here
- ဗိုလ်ချုပ်မောင်အေး ရှမ်ပြည်နယ်တွင်း ခရီးလှည့်လည် - မဇ္ဈိမ click here
- ဦးကျော်ခိုင်အား တရားစွဲဆိုသူ ဦးသန်းဖေ တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ - နိရဉ္စရာ click here
- ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ - မဇ္ဈိမ click here
Posted by ပိတောက်မြေ at 12:01:00 AM 1 comments
Labels: သတင်း
Thursday, July 16, 2009
စာရေးဆရာ မောင်စူးစမ်းနှင့် တွေ့ဆုံခြင်း
ကျော်ဆန်းမင်း
(ဇူလိုင်လ ၆ ရက်နေ့ထုတ် Voice ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်စူးစမ်းနဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ နိုင်ငံရေး စနစ် အမျိုးမျိုးကို ဖြတ်သန်းခဲ့၊ ကိုယ်တိုင်လည်း ပါဝင်ခဲ့။ ၉၀ ရွေးကောက်ပွဲမှာလည်း အရွေးခံခဲ့ရတဲ့ ဆရာ မောင်စူးစမ်းက သူ့အတွေ့ အကြုံများကို အခြေခံပြီး ပြောထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ မဟုတ်ဘဲ စာရေးဆရာ တစ်ယောက် အနေနဲ့ မျိုးဆက်သစ်များ အတွက် ရည်ရွယ် ဖြေကြားချက်များဟာ စိတ်ဝင်စားဖွယ် ကောင်းတာမို့ ဖြန့်ဝေပေး လိုက်ပါတယ်။)
Voice : ၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ အဖွဲ့အစည်း တချို့ရဲ့ လှုပ်ရှားမှုတွေ တွေ့နေရပါတယ်။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
MSS : အခုဟာက Line up မပေါ်သေးဘူး။ သူတို့က Line up ခေါ်တာပေါ့။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ အကောင်အထည် ပေါ်လာမှာ။ အခုဟာက shadow တွေပဲ။ ရွေးကောက်ပွဲ ဥပဒေပေါ်မှ အကောင်အထည် ပေါ်လာမှာပဲ။ သို့သော်လည်း Incumbency ဆိုတာ ရှိတယ်။ ရွေးကောက်ပွဲ ဆိုတာက တခြားနိုင်ငံ တွေမှာလည်း အာဏာရပါတီနဲ့ တခြား ပြိုင်ဘက် ပါတီနဲ့ ပြိုင်တာ။ အခုဟာက Incumbency ထင်ထင် ရှားရှား မပေါ်သေးဘူး။ အကောင်အထည် နဲ့ သေသေချာချာ ပေါ်ဖို့က ရွေးကောက်ပွဲ ဥပဒေ ပေါ်လာမှ ပေါ်လာမှာ။
Voice : ရွေးကောက်ပွဲ ဥပဒေ၊ ပါတီဖွဲ့စည်းပုံ ဥပဒေတွေ၊ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တွေ မထုတ်ပြန်သေးတဲ့ အပေါ်မှာ ဆရာ့ အနေနဲ့ ဘယ်လို မြင်ပါသလဲ။
MISS : ရွေးကောက်ပွဲ ဥပဒေတို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တို့ ဆိုတာ အာဏာရ ပါတီရဲ့ ဝှက်ဖဲပဲ။ သူ့ဝှက်ဖဲ ဘယ်အချိန် ချပြမလဲ ဆိုတာ မသိသေးဘူး။ သူတို့လည်း တွက်မှာပေါ့။ ဒါက ဒီမှာတင် မဟုတ်ပါဘူး။ နိုင်ငံတိုင်းရဲ့ ရွေးကောက်ပွဲ တွေမှာ ဘယ်အချိန် ရွေးကောက်ပွဲ ကျင်းပမလဲ ဆိုတာ ဝှက်ဖဲပဲ။ အဲဒီတော့ ဒီမှာက ပုံစံကျ စဉ်းစားလို့ မရဘူး။ ပုံစံကျ Teoretically စဉ်းစားရင်တော့ ရွေးကောက်ပွဲ ဥပဒေတို့၊ ပါတီစည်းရုံးခွင့် တို့ကို ခြောက်လလောက် အချိန်ပေးတယ်။ ဒါပေမယ့် ဒီမှာက ဘယ်လောက် ပေးမယ် မသိရသေးဘူး။ ပါတီဖွဲ့ဖို့တို့ ဘာတို့ညာတို့ ဆိုတာထက် အခုဟာက အာဏာရ ပါတီ ဆိုတာ ဘယ်ပုံစံနဲ့ ပေါ်လာမလဲ မသိသေးသလို အာဏာရ အဖွဲ့အစည်းနဲ့ ပြိုင်မယ့် ပါတီတွေကလည်း ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲဆိုတာ မသိသေးဘူး။
Voice : ခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲနဲ့ ချိန်ဆကြည့်ကြတာမျိုးတွေ ကြားနေ တွေ့နေရတယ်။ ဆရာ့အနေနဲ့ကော ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
Mss : ၁၉၉၀ ရွေးကောက်ပွဲက ၁၉၈၈ ရဲ့ Response ပဲ။ ၈၈ အရေးအခင်းမှာ အာဏာ သိမ်းတော့ ဗိုလ်ချုပ်စောမောင်က ထိန်းသိမ်းရေး မိန့်ခွန်း ပြောတယ်။ ရွေးကောက်ပွဲ လုပ်ပေးမယ်။ နောက် ပါတီဖွဲ့ ပေးမယ်ပေါ့။ အဲဒီအချိန်က တပ်မတော်က ကြားနေ သက်သက်ပဲ။ တကယ်လည်း သန့်ရှင်းပါတယ်။ ကိုယ်တို့ဆို ရွာတွေ စည်းရုံးရေး ဆင်းတယ်။ ရွာတွေမှာ ဘယ်အဖွဲ့ အစည်းမှ မရှိသေးဘူး။ တို့ လှည်းကူးဘက်ရောက်တယ်။ ရောက်တော့ ရွေးကောက်ပွဲ လုပ်ပေးမယ့် Sponsor က ဘာမှ ဝင်မစွက်ဘူး။ ကြည့်ပဲ ကြည့်နေတာ။ တို့နဲ့ တ.စ.ည အပြိုင်ပေါ့။ တ.စ.ညက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ဖြစ်လဲ ဆိုတော့ ပြိုလဲပြီးကာစ ထထောင်တာ ဆိုတော့ Disadvantages ရှိတယ်။ တို့က Newly Born Force နဲ့ သွက်သွက် လက်လက် လုပ်နိုင်တော့ တို့သာသွားတယ်။ အဲဒီအချိန်မှာ ရွာတွေမှာက ဘယ်အဖွဲ့အစည်းမှ မရှိသလို တပ်ကလည်း စည်းကမ်း နည်းနည်း သတ်မှတ်တာက လွဲလို့ တားလား၊ ဆီးလား မလုပ်ဘူး။ ဟောပြောရင် လူ ၅၀ ထက် မပိုရဘူး ဆိုတာမျိုး လောက်ပဲ ရှိတာ။ အဲဒီတော့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲက တပ်က ကြားနေ သက်သက်ပဲ။ သန့်သန့် ရှင်းရှင်း လုပ်ပေးခဲ့တယ်။ နောက်ပိုင်း ရလဒ်ကတော့ တစ်ပိုင်းပေါ့။ အခုဟာက ၁၉၉၀ ပြည့်နှစ်ကနဲ့ မတူဘူး။ အခုဟာက အခြေခံဥပဒေ ပေါ်လာပြီး နောက်ပိုင်းမှ ဖြစ်လာတာ။ ခွင်သစ်၊ Player အသစ်။ ဘာဖြစ်မလဲ ဆိုတာ မသိသေးဘူး။ ၁၉၉၀ နဲ့ မတူတဲ့အတွက် နှိုင်းယှဉ်ကြည့်ရင် မှားမှာပဲ။
Voice : ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လတ်တလော အယူအဆနှစ်မျိုးထွက်နေတယ်။ သဘောထား နှစ်မျိုးပေါ့။ တစ်မျိုးက ရွေးကောက်ပွဲကို လက်ခံမယ်၊ အပြောင်းအလဲကို ဖြည်းဖြည်းချင်း ရယူမယ်ပေါ့။ နောက်တစ်မျိုးက ရာနှုန်းပြည့်မှ မရရင် လုံးဝ လက်မခံဘူးပေါ့။ ဒီအပေါ်မှာ ဆရာ့သဘောထားက။
MSS : တို့ရေးနေတဲ့ ဆောင်းပါးတွေမှာ အမြဲတမ်း ပြောနေတာ ဒါပဲ။ အစက ပြန်စမယ်ဆိုတာ စိတ်ကူးယဉ်တာ။ နိုင်ငံရေး ဆိုတာ စိတ်ကူးယဉ်လို့ မရဘူး။ လက်ရှိ Political Equation မှာ ဘယ်သူက Dictate လုပ်နေတာလဲ။ ဒါသိဖို့ လိုတယ်။ နိုင်ငံရေး သူငယ်နာမစင်တဲ့၊ ကကြီးခခွေး သမားတွေ တွေးသလို တွေးလို့ မရဘူးဆိုတာ အကောင်အထည်ကနေ စရတာ။ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ တစ်ခါလာရင် ပြန် Review လုပ်ပါလို့ UN က ကြားဝင်ပေးပါလို့ ဒါတွေပဲ။ နိုင်ငံရေးဆိုတာ Question of Force နော်။ အင်အားကို ကြည့်ရတာ။ Force တောင်မှ Institutional Force။ ကိုယ့် Capacity ကို ကိုယ်တွက်ရတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲ။ ဘယ်လောက် စည်းရုံးနိုင်မလဲ။ ဒါကို တွက်ရတာ။ Rhetoric လေကြီး၊ မိုးကြီး ပြောတာလောက်တော့ လူတိုင်းလုပ်လို့ ရတာပဲ။ နိုင်ငံရေးဆိုတာ လက်တွေ့ ကိုယ်ဘယ်လောက် စွမ်းလဲဆိုတာ ကြည့်တာ။ တပ်မတော်က Sponsor လုပ်တဲ့ Constitution ။ သူတို့လုပ်ပေးတဲ့ ရွေးကောက်ပွဲ။ ဒါက အရှိတရားပဲ။ ဒါကိုလက်ခံပြီး ဝင်ကြ လုပ်ကြရမှာပဲ။ ကိုယ့်ပုံစံနဲ့ ကိုယ့်ဟာနဲ့ လုပ်ရမှာ။ ဒီခေတ်မှာ စိတ်ကူးယဉ်လို့ မရဘူး။ ကိုယ့်အတွက် အခွင့်အလမ်းက ဒီတစ်လမ်းပဲ ရှိတာ။
အဲဒီတော့ နိုင်ငံရေး ဆိုတာ သိပ်ပြီး စိတ်ကူးယဉ်လို့ ရတာမဟုတ်ဘူး။ Value Politics လုပ်လို့မရဘူး။ တရားတယ်။ မတရားဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ စံမီတယ်။ စံမမီဘူး။ ဒါတွေ စဉ်းစားလို့ မရဘူး။ Reality နဲ့ သွားရမှာ။ ပကတိ အခြေအနေကို လေးလေး နက်နက် သုံးသပ်၊ ဘာဖြစ်မယ်ဆိုတဲ့ အနာဂတ်ကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုတင် ခန့်မှန်း နိုင်ရမယ်။ ပြောရရင် ပညာပိုင်း သိပ်ဆန်လာပြီ။ အရင်ကလို လွယ်လွယ်နဲ့ ဟိုမဲထည့်ပါ၊ ဒီမဲထည့်ပါ စသဖြင့် ဒါမျိုးလောက်နဲ့ မရဘူး။ အခုဟာက ခွင်သစ်။ တခြား နိုင်ငံတွေရဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ Compare လုပ်လို့ မရသလို။ နိုင်ငံရေး သိပ္ပံပညာရှင် တွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုက်ရင်လည်း အံကိုက်မှာ မဟုတ်ဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲ။ Local Narrative ပေါ့။ ဒီနေရာမှာ Grand Narrative တွေနဲ့ ပြောလို့၊ တွက်လို့မရဘူး။
Voice : နိုင်ငံရေးသမားဟောင်း တစ်ဦးက ပြောဖူးတယ်။ သိန်းဖေမြင့်တို့ တုန်းကလည်း ဒီလိုပဲ အပျော့ဆွဲနဲ့ သွားဖို့ လုပ်ကြသေးတာပဲ။ ဒါပေမယ့် မရတာဘဲ အဖတ်တင်တယ်။ ဘာမှ မထူးပါဘူး။ အခုလည်း အပျော့ဆွဲသမားတွေ သွားမှာပဲလို့ ပြောဖူးတယ်။
MSS : ငါကတော့ ဒုန်းဒုန်းချပဲ။ အတိတ်ကို မကြည့်ဘူး။ မြန်မာပြည် နိုင်ငံရေး သမိုင်းရဲ့ အတိတ် ဖြစ်စဉ်တွေက အသုံးဝင်တဲ့ လမ်းညွှန်မှု မဟုတ်နိုင်ဘူး။ အနာဂတ်ကို ကြည့်နိုင်တာ Analytical Power ပဲ။ ရှေ့ ဘာဖြစ်နိုင်မလဲ ဆိုတာ တွက်နိုင်တာ ဒါပဲ။ အတိတ်ကိုမျှော် ပြန်ကြည့်ပြီး အတိတ်က ဖြစ်ရပ်တွေ ဖြစ်စဉ်တွေနဲ့ နိုင်ငံရေးကို ဆက်သွားမလား။ အခု Given (ပေးချက်)၊ အခြေခံဥပဒေ ရှိထားတယ်။ ရွေးကောက်ပွဲကို စစ်တပ်က Sponsor လုပ်တယ်။ ဒါ အရှိတရားပဲ။ ဘယ်လို အင်အားစုတွေက ဘယ်လိုဖြစ်ပြီးတော့ ဘယ်သူက ဘယ်အတန်းကနေ Shape လုပ်မလဲ။ ဒီနေရာမှာ Shape လုပ်နိုင်တာ သုံးခုရှိတယ်။ အရင်တုန်းက Ideology ခေါ်တာပေါ့။ သဘောတရားတွေပေါ့။ အရင်တုန်းက လက်ဝဲ သဘောတရား၊ လက်ယာ သဘောတရား စသဖြင့် ကွန်မြူနစ်တို့၊ ဆိုရှယ်လစ်တို့ စသဖြင့် ရွေးကောက်ပွဲမှာ လွှမ်းမိုးခဲ့တယ်။ အခုလာမယ့် ရွေးကောက်ပွဲ မှာတော့ ဒါ မဆီလျော်တော့ဘူး။ ဒါ Shape မလုပ်ဘူး။ Ideology ရှာဖို့ မလိုဘူး။ အတိတ် ပြန်ကြည့်နေဖို့ မလိုဘူး။ နှစ်ခုပဲ ရှိတယ်။ လက်ရှိ အခြေအနေကို သေသေချာချာ သုံးသပ်ပြီး အနာဂတ် အလားအလာကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ခန့်မှန်းနိုင်ရမယ်။ Deeper Analysis of Reality and Better Prediction of Future ဖြစ်သွားပြီ။ ဖြစ်လာတဲ့ အဖြစ် အပျက်တွေ နောက်ကို မျှောလိုက်တာ၊ အဖြစ်အပျက်တွေနောက် နောက်မြီးဆွဲ လိုက်သွားတာပေါ့။ လက်ငုပ်နဲ့ မရတော့ဘူး။ လက်ငုပ်ဆိုတာ အရင် သိပြီးသားဟာတွေ ကျောင်းတုန်းက ဟာတွေပေါ့။ မရတော့ဘူး။ ဒါတွေ အောက်သွားမှာပဲ။
ဒုတိယက တိုင်းသူ ပြည်သားတွေရဲ့ နေ့စဉ်ဘဝ Micro Politic ပေါ့။ ဒါက အရေးပါလာတယ်။ အဲဒီတော့ Grand Narrative တွေ Grand Value တွေက အောက်သွားပြီ။ ဒီလာမယ့် ရွေးကောက်ပွဲမှာ Policy တွေ Strategy တွေ စသဖြင့် ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားတွေ ဖြစ်ဖို့မလိုဘူး။ လက်တွေ့ဘဝနဲ့ ဟပ်တဲ့ဟာတွေ ဖြစ်ဖို့လိုတယ်။ ဒါကတစ်ချက်။ ဒုတိယ တစ်ချက်က အစိုးရ လုပ်တာ အသိအမှတ်ပြုရမယ်။ Infrastructure Base Policy Program ပါမှ ဆီလျော်မှာ။ အိပ်မက်မက်ပြီး Ideal တွေနဲ့ လျှောက်ပြောလို့ မရဘူး။ လက်တွေ့ဘဝနဲ့ အရှိတရားပေါ်မှာ မူတည်ပြောရမှာ။ အရင်က Validity တွေ Logic တွေပေါ်မှာ စဉ်းစားတာ။ Idea တစ်ခုပေါ်ရင် ခိုင်လုံလား၊ မခိုင်လုံလား။ လက်တွေ့ ဆီလျော်လား။ ဒီအပေါ်မှာ စဉ်းစားတာ အခု Validity ကို မကြည့်ဘူး။ အခြေအနေနဲ့ ဆက်စပ်လား၊ ဆီလျော်လား၊ မဆီလျော်လားကို ကြည့်တာ။
နောက်လူထုကို ပညာပေးဖို့ ဘာဖို့ ညာဖို့ ဆိုတာတွေက Theory Type တွေပဲ။ လက်တွေ့မှာ လူထုက ပုံသွင်းခံရတာ။ လူထုကို ဘယ်လောက် Manipulate လုပ်တယ်ဆိုတဲ့ စကားလုံးပဲ။ နိုင်ငံရေး ပါတီတွေကပဲ Manipulation Power ရှိမလား။ အနိုင်ရပါတီကပဲ Manipulation Power ရှိမလား။ ဒါအားပြိုင်တာပဲ။ အခုဟာက ခွင်သစ်ပဲ။ ဒီတော့ New Paradigm, New Language ပဲ။ ဒီတော့ အတိတ်က မဆီလျော်တော့ဘူး ထင်တယ်။ ဒီတော့ အနာဂတ်ကို ပုံဖော်နိုင်ဖို့ပဲ အရေးကြီးတယ်။
Voice : လက်ရှိ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုမြင်သလဲ။ ဘယ်လိုဖြေရှင်းနိုင်မယ်လို့ သုံးသပ်မိပါသလဲ။
MSS : ဒါကို ဖြေရှင်းနိုင်တာ ရွေးကောက်ပွဲနဲ့ ပါလီမန်ပဲ။ တခြား Forum က မဖြစ်နိုင်ဘူး။ Theory အရ ပြောရရင် ဒေါင်လိုက်နဲ့ အလျားလိုက် ဆိုပြီး နှစ်မျိုး ခွဲကြည့်ရမယ်။ ဒေါင်လိုက်ဆိုတာ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး၊ သမိုင်း စတဲ့ ယဉ်ကျေးမှု စံနှုန်း တွေကို အခြေခံတယ်။ အလျားလိုက်ဆိုတာ လူတန်းစား၊ ဝင်ငွေ၊ ပညာအဆင့်အတန်း၊ မြို့ပြနဲ့ ကျေးလက် အလုပ်အကိုင် အမျိုးအစား စတဲ့ စီးပွားရေး လူမှုရေး အလွှာကို ဆိုတာ။ ရွေးကောက်ပွဲ ဆိုတာ ဒီနှစ်ခုကို Dialougue လုပ်ဖို့ တည်ဆောက်တာ။ တိုင်းရင်းသား စည်းလုံးရေး အမျိုးသားရေးတွေဆိုတာ အပြင်မှာ ပြောလို့မရဘူး။ လွှတ်တော်မှာ ဖြေရှင်းရမှာ။ လူမျိုးစု၊ လူတန်းစား ပြဿနာတွေကို လွှတ်တော်ထဲမှာ ဖြေရှင်းနိုင်ရမယ်။ ဒါမျိုး ဖြေရှင်းနိုင်မယ့် အလားအလာ ရှိတယ်လို့ ငါ ယူဆတယ်။ ဒါက မေးလို့သာ ပြောရတယ်။ ငါတို့က တကယ့် လက်တွေ့ အခန်းကဏ္ဍမှာ ကုန်နေပြီ။ ပစ်ပြီးသား ကျည်ခွံတွေ ဘာမှ အသုံးမကျတော့ဘူး။ အခုဟာက New Generation ကို Shape လုပ်ရမှာ။ ကိုယ်ပါဖို့ မဟုတ်တော့ဘူး။
Voiceး The Waves ထဲမှာ ဆရာ ရေးထားတာက တစ်ခုရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တပ်နဲ့ အစိုးရ ခွဲလို့ မရဘူး ပေါင်းရမယ်ဆိုတာလေ။
MSSး ဟုတ်တယ်လေ။ အခုဟာက Military နဲ့ Deal လုပ်ရမှာ။ မနူးမနပ်တွေ ၈၈ တုန်းက တော်တော် ထိန်းခဲ့ရတယ်။ ရွေးကောက်ပွဲ နိုင်ရင်ပဲ ချက်ချင်း အာဏာ ရတော့မယ် ထင်ပြီး Antimilitary လို့ အော်ကြပြုကြနဲ့ ဒါတွေမှားတာပဲ။ သူ့ရဲ့ Role ကို အသိအမှတ် ပြုရမယ်။ သူနဲ့ Deal လုပ်ရမယ်ဆိုတာ အစကတည်းက ငါပြောနေတာ။ အခုပဲ အသိ တစ်ယောက်က ပေးလို့ ရထားတာ ဆင်မြူရယ်ဟန်တင်တန်ရဲ့ Soldier and State ဆိုတဲ့ စာအုပ်ထွက်နေပြီ။ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေးက နိုင်ငံတိုင်းမှာ ရှိတယ်။ အခုမှ သူတို့က သီအိုရီ ထုတ်တာ။ ဒါကို ငါတို့က လက်တွေ့ ကြုံခဲ့ရတယ်။ သီအိုရီ မထုတ်လို့သာပဲ။ ဒီတော့ Total Negative သွားလို့ မရဘူး။
Voice : တစ်ချို့က ထောက်ပြတယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပါတီတွေများပြီး အလုပ်မဖြစ်ခဲ့ဘူးပေါ့။ အခုလည်း ဒါမျိုး ဖြစ်လာနိုင် မလားပေါ့။
MSS : ဒါက လက်ရှိ Structure Limitation ကို မသိလို့ပြောတာ။ အခုက စစ်တပ်က Guardian Role ယူထားတာ။ ၂၅ ရာခိုင်နှုန်းလည်း ယူတယ်။ Guardian of the States, Guardian of the Democracy ရယ်။ Double Guardian ယူထားတာ။ ပါတီတွေများလည်း ရွေးကောက်ပွဲက စစ်ထုတ်သွားမှာပဲ။ ၁၉၉၀ တုန်းက ဘယ်သူမှ Manipulate မရှိဘူး။ Raw ပဲ။ အခုက Manipulate လုပ်လာနိုင်တယ်။ လူထုရဲ့ သဘောထားကို Mold လုပ်လာနိုင်တယ်။ ဒီနေရာမှာ တချို့က Potential ထက် အကန့်အသတ်ကို ကြည့်ရမယ်။ Live ကို ရှာဖွေ နိုင်မှ Clever Policy ဆန်မှာ၊ ရှေးဟောင်းနိုင်ငံရေး အယူအဆတွေနဲ့ ကြည့်လို့မရဘူး။ အခု ဖြစ်နေတာနဲ့ ခေတ်ဟောင်း နိုင်ငံရေးနဲ့က Relevant မဖြစ်ဘူး။
Voice : နိုင်ငံရေး ပုံစံသစ်က အကောင်းဖြစ်လာနိုင်မလား။ အဆိုးဘက်ကို ရောက်သွားနိုင်မလား။
MSS : I can't predict . ဒါက အရေးကြီးတဲ့ မေးခွန်းပဲ။ စနစ်သစ်နဲ့ သွားမယ့် နိုင်ငံရေးက ဘယ်လောက် ခိုင်မယ် ဆိုတာ မပြော နိုင်ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် သုံးမျိုး ပြောင်းသွားပြီ။ ပါလီမန် ဒီမိုကရေစီ၊ ဆိုရှယ်လစ်စနစ်၊ အခု စစ်အုပ်ချုပ်ရေး စနစ် နောက်ဆုံး အခုကြုံရမယ့်ဟာက Democracy (လမ်းညွှန်ခံ ဒီမိုကရေစီပေါ့)။ ဘယ်လောက် ခံမလဲဆိုတာက လူတွေ၊ ဖွဲ့စည်းပုံ ဆွဲတဲ့ လူတွေက ဘုရားမဟုတ်ဘူး။ ကံပေါ်လည်း မူတည်သေးတယ်။
Voice : ဒီနေရာမှာ ပါဝင်တဲ့ Player တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါမယ် ထင်တယ်။
MSS : မှန်တယ်။ Player တွေပေါ် မူတည်တယ်။ သူတို့က Flexible ဖြစ်ဖို့လိုတယ်။ Bargain and Deal ပဲ။ ရွေးကောက်ပွဲပြီး ပေါ်လာမယ့် လွှတ်တော်က Engagement Forum ပဲ။ ဒီ Forum က အပေးအယူ လုပ်ဖို့ စေ့စပ်ဖို့ပေါ့။ ဒီ Forum တစ်ခုပဲ ရှိသင့်တယ်။ ကျန်တဲ့ Political Action တွေ ရပ်သင့်တယ် ထင်တယ်။ ရွေးကောက်ပွဲ လွှတ်တော် ပေါ်လာရင် ပါလီမန် Politic တစ်မျိုးပဲ ဖြစ်သင့်တယ်။ ကျန်တာတွေ ပျောက်သင့်တယ်။ ယှဉ်တွဲ နေရင်တော့ တိုင်းပြည်ရဲ့ ကံကြမ္မာက ဆိုးသွားနိုင်တယ်။ ဒီတော့ နိုင်ငံရေး ပုံစံသစ်က ကောင်းမလား၊ ဆိုးမလား ဆိုတာ ကျန်တဲ့ Political Action တွေ တွဲနေဦးမလား၊ မတွဲနေဘူးလား ဆိုတဲ့ အပေါ် မူတည်တယ်။
Voice : နိုင်ငံရေးသမား တချို့နဲ့ လူငယ်တချို့ရဲ့ အယူအဆတွေက Revolution ဆိုတာ သွေးစွန်းရမယ်ပေါ့။ ဒီအယူအဆအပေါ် ဆရာ ဘယ်လို သဘောရပါသလဲ။
MSS : ဒါတွေ ကြားဖူးတာ ကြာပြီ။ မြန်မာပြည် နိုင်ငံရေးမှာ သုံးချက် သတိထားရမယ်။ တစ်အချက်က လေကြီးမိုးကြီး သမားတွေ၊ ဒီလို လူမျိုးတွေ မပေါ်ဖို့ လိုတယ်။ အခုက အစွန်းရောက် ဝါဒတွေ ကျဆုံးနေတဲ့ အချိန်ပဲ။ ကွန်မြူနစ်ပါတီ ပြိုလဲတာ ဒါပဲ။ ဖြုတ်၊ ထုတ်၊ သတ် တွေ ဘာတွေနဲ့ လုပ်ကုန်ကြတာ။ ဒီလို လူမျိုးတွေက Honesty မရှိဘူး။ နိုင်ငံရေးက Emotion အခြေခံ လို့ မရဘူး။ Logic နဲ့ Reality ပဲ။ အသည်းမာမှရမယ်။ နောက်တစ်မျိုးက Hypocracy (သူတော်ကောင်း ယောင်ဆောင်တာ) အပြောတစ်မျိုး၊ အလုပ်တစ်မျိုး သမားတွေ။ နောက်ဆုံး တစ်မျိုးက လူပိန်းကြိုက် လျှောက်ပြောနေကြတာ။ ဒါကို သတိထား ရမယ်။ အခုဟာက Emotion ထက် Intellectual ဖြစ်ကြဖို့ လိုတယ်။ အကြံပိုင်း ဉာဏ်ပိုင်းနဲ့ လေးလေးနက်နက် စဉ်းစားပြီး သွားဖို့လိုတယ်။
Voice : ဘာပြောစရာများ ကျန်သေးသလဲ ဆရာ။
MSS : ရွေးကောက်ပွဲ ဘာညာဆိုတာကတော့ ငါတို့က အပြင်ဝေဖန် သုံးသပ်သူပဲ။ ကိုယ်တိုင် Player မဟုတ်ဘူး။ အခု နိုင်ငံရေး ဆောင်းပါးတွေ ရေးတယ်ဆိုတာ နိုင်ငံရေးသမားမို့ ရေးတာ မဟုတ်ဘူး။ Columnist တစ်ယောက်အနေနဲ့ ရေးတာ။ ဘယ် Issue ကိုမဆို ရေးတာပါ။
ကျော်ဆန်းမင်း
Posted by ပိတောက်မြေ at 12:04:00 AM 7 comments
Labels: ဆောင်းပါး
၁၆.၇.၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- တတိယမြောက် လူတုပ်ကွေး A (H1N1) ကူးစက်ခံရသူတွေ့ရှိ - မဇ္စျိမ click here
- အပြီးသတ် လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေးမည် - ခေတ်ပြိုင် click here
- နယ်ခြားစောင့် တပ်အသွင် ကေအိုင်အို လက်မခံ ကချင်ဒေသလုံခြုံရေး တပ်ဖွဲ့အဖြစ် ပြောင်းရန်ဆန္ဒရှိ - ခေတ်ပြိုင် click here
- မော်လမြိုင်တွင် ထိုင်းကုန်စည် ပြတ်လတ်ခြင်းကြောင့် ကုန်စည်များ ဈေးတက် - မွန်သတင်း အေဂျင်စီ click here
- ယာယီ တပ်ရုပ်ထားသည့် စခန်းဟောင်း နအဖ စစ်တပ် နေရာပြန်ယူ - သျှမ်းသံတော်ဆင့် click here
- ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ဒုက္ခသည် မိသားစု (၂) စု ကနေဒါသို့ ထွက်ခွာ - နိရဉ္စရာ click here
- မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံများ အခက်အခဲဖြစ် - မွန်သတင်း အေဂျင်စီ click here
- ဆင်းရဲကျပ်တည်းမှုကြောင့် စစ်တွေတွင် လုယက်မှုများ အထူးတိုးပွားလာ - နိရဉ္စရာ click here
- မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဂက်စ် ရောင်းမည် (သို့သော် ဘယ်နေ့မှ မသိ) - နိရဉ္စရာ click here
- ဘန်ကီမွန်း မြန်မာ့အရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ ဒီမိုကရေစီ အင်အားစု တိုက်တွန်း - ဗွီအိုအေ click here
- ဘန်ကီမွန်း ခရီးစဉ်ရဲ့ အောင်မြင်မှုကို ဘာနဲ့ တိုင်းတာမလဲ - ဗွီအိုအေ click here
- ဂျပန်နိုင်ငံရေး ပြောင်းလဲမှု မြန်မာပြည်ဆိုင်ရာ မူဝါဒအပေါ် ဂယက်ရိုက်ခတ်နိုင် - အာရ်အက်ဖ်အေ click here
- တရုတ်နိုင်ငံက မြန်မာပြည်တွင် အများဆုံး ရင်းနှီးမြှုပ်နှံကြောင်း စာရင်းများတွင် ဖော်ပြ - အာရ်အက်ဖ်အေ click here
- ပါတီဝင် လူငယ်များအတွက် ဥပဒေရေးရာ ဆွေးနွေးပွဲ အင်န်အယ်လ်ဒီ ကျင်းပ - မဇ္စျိမ click here
- NLD ပြန်ကြားရေး အသစ်ပြန်လည် ဖွဲ့စည်း - ဧရာဝတီ click here
- ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး ဒိုင်ယာလော့ - ဧရာဝတီ click here
- ထိုင်းရှိ တရားမ၀င် မြန်မာအလုပ်သမားများအား စစ်အစိုးရ မှတ်ပုံတင် စထုတ်ပေးနေ - အာရ်အက်ဖ်အေ click here
- ဂြိုလ်တုဖုန်း အကြောင်းပြပြီး ကျေးရွာများမှ ငွေတောင်းခံ - အာရ်အက်ဖ်အေ click here
- နာဂစ် မုန်တိုင်းသင့် ဒေသသို့ လေဆင်နှာမောင်း တိုက်ခတ် - အာရ်အက်ဖ်အေ click here
- ဗိုလ်ချုပ်မှူးကြီး ဇနီးမောင်နှံ ရွှေတိဂုံမှာ ပန်းယတြာချေ - ဧရာဝတီ click here
- အခြေခံဥပဒေ ပြင်ဆင်ရေး ပထမဟု ပြည်တွင်း နိုင်ငံရေး ပါတီများ တောင်းဆို - ဧရာဝတီ click here
- တီဗွီ၊ ငှက်ဖျား။ HIV ရောဂါသုံးမျိုး တိုက်ဖျက်ရေး ဒေါ်လာ ၁၄ သန်း ကူညီမည် - အာရ်အက်ဖ်အေ click here
- ဘိန်းဖြူနှင့် စိတ်ကြွဆေးများ တာချီလိတ်မှာ ဖမ်းမိ - အာရ်အက်ဖ်အေ click here
- ရန်ကုန်မြို့တွင် ဆေးလိပ်ရောင်းအား ကျဆင်းခြင်းမရှိ - ခေတ်ပြိုင် click here
- မြန်မာနိုင်ငံ တောင်ပိုင်းတွင် မြစ်ရေကြီးသဖြင့် ရေလမ်းခရီး အချို့ ရပ်ဆိုင်းထားရ - ခေတ်ပြိုင် click here
- မြန်မာကြက်သွန်နီ တရုတ်အ၀ယ်လိုက် ထိုင်းဈေးကွက်တွင် ဈေးကြီး - ခေတ်ပြိုင် click here
- စစ်အစိုးရ၏ အလုပ်သမား ကာကွယ်ရေး ဖွဲ့စည်းမှု နောက်ကျ - ခေတ်ပြိုင် click here
- အစိုးရ ၀န်ထမ်းများ ဆိုင်ကယ်မစီးရ၊ ထောင်ဒဏ် ၃ လ - ဧရာဝတီ click here
- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးက ဘာဆက်လုပ်မှာပါလဲ - ခေတ်ပြိုင် click here
- နယ်ခြားစောင့်တပ် အသွင်းပြောင်းရေး သျှမ်းအပစ်ရပ်အဖွဲ့ မပါဝင် - သျှမ်းသံတော်ဆင့် click here
- ၂၀၀၉ နိုင်ငံရေး စစ်တမ်း - အပိုင်း (၆) - မဇ္စျိမ click here
- ၂၀၀၉ နိုင်ငံရေးစစ်တမ်း - အပိုင်း (၅) - မဇ္စျိမ click here
- ၂၀၀၉ နိုင်ငံရေးစစ်တမ်း - အပိုင်း (၄) - မဇ္စျိမ click here
- ၂၀၀၉ နိုင်ငံရေးစစ်တမ်း - အပိုင်း (၃) - မဇ္စျိမ click here
- ၂၀၀၉ နိုင်ငံရေးစစ်တမ်း - အပိုင်း (၂) - မဇ္စျိမ click here
- ၂၀၀၉ နိုင်ငံရေးစစ်တမ်း - အပိုင်း (၁) - မဇ္စျိမ click here
Posted by ပိတောက်မြေ at 12:01:00 AM 0 comments
Labels: သတင်း
Wednesday, July 15, 2009
လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ
ဒဂုံသား
ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ် အတွင်းတွင် လည်းကောင်း၊ လုံခြုံရေး ကောင်စီကို တင်ပြရာတွင် လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီး ပေးဖို့ လိုတယ်ဟု ပြောခဲ့သည်။ လိုအပ်သည့် အခြေအနေ ဆိုသည်ကိုမူ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့်နှင့် ချိတ်ဆက် ပြောကြားနေသည်ကို သတိပြုမိသည်။ တကယ်တော့ အခြားနိုင်ငံရေး အကျဉ်းသားများ ပင်လျှင် အရေးပါလှသည် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပါဝင်နိုင်ရေးသာ အဓိက ဖြစ်နေသည်ဟု သုံးသပ်မိသည်။
ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးသည် အမှန် တကယ် လိုအပ်သော အချက် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မပါလျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်ဆိုသော အယူအဆကိုမူ ဘ၀င်မကျပါ။ သာဓကပြရလျှင် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင် ခွင့်မရခဲ့ပါ။ သို့သော် ပြည်တွင်း၊ ပြည်ပက လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ အဖြစ် အသိအမှတ် ပြုခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ထိုသို့ အသိအမှတ် ပြုသနည်း။ ရွေးကောက်ပွဲ ဥပဒေများ၊ လုပ်နည်းများ ကြောင့်လော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခြင်း ကြောင့်လော။ ရွေးကောက်ပွဲ ဥပဒေများကြောင့် ဆိုလျှင် ယခု အစိုးရက ထုတ်ပြန်ရန် ရှိသည့် နိုင်ငံရေး ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများ ပေါ်ထွက်လာသည် အထိ စောင့်ပြီးမှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်၊ မဖြစ်နိုင် ပြောရပေလိမ့်မည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရသောကြောင့် ဆိုလျှင်မူ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး ၀င်ပြိုင်သည့်တိုင် ရွေးကောက်ပွဲတွင် အများစုမရခဲ့လျှင် လွတ်လပ်ပြီး တရားမျှတသည်ဟု မဆိုတော့ ပြီလောဟု မေးရန်ရှိသည်။
ထပ်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံခွင့် ရှိမရှိဆိုသော အချက်သည် သူမ၏ ပုဂ္ဂလိက အခြေအနေသာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကပင် နိုင်ငံခြားအစိုးရ၏ သစ္စာခံဖြစ်သူ၊ လက်အောက်ခံဖြစ်သူ၊ နိုင်ငံသား ဖြစ်သူ၊ ဒါမှမဟုတ် လက်အောက်ခံ သို့မဟုတ် နိုင်ငံသား တစ်ဦးရတဲ့ အခွင့်အရေးကို ခံစားနေသူကို ယှဉ်ပြိုင်ခွင့် မပေးရန် အခြေခံ ဥပဒေတွင် ထည့်သွင်းဖို့ အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ( ၄၇ ဥပဒေ၊ ပုဒ်မ ၇၄) ၊ လမ်းစဉ် ပါတီခေတ် ၇၄ အခြေခံ ဥပဒေတွင်လည်း ထိုအချက်ပါခဲ့သည်။ ၉၀ ရွေးကောက်ပွဲ ဥပဒေတွင်လည်း ထိုအချက်ပါခဲ့သည်။ ၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံပိုင်ခွင့် မရခြင်းသည် ပြိုင်ဖက် တစည အမတ်လောင်းက ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားခြင်း၊ ဗြိတိန်နိုင်ငံတွင် အခွန်ဆောင်ခြင်း တို့ကြောင့် နိုင်ငံခြား အစိုးရ တစ်ရပ်၏ နိုင်ငံသားတစ်ဦး ခံစားနေသော ခံစားခွင့်များ ရနေကြောင်း ထောက်ပြ ကန့်ကွက်ခဲ့သဖြင့် ရွေးချယ်ခံခွင့် မရခဲ့ခြင်း ဖြစ်သည်ဟုသာ ဒဂုံသား နားလည်မိပါသည်။ အခုပြောနေကြသည့် နိုင်ငံခြားသားနှင့် လက်ထပ်ထားသဖြင့် ရွေးချယ်ခံခွင့် မရှိခြင်းဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူများ ဂရုဏာသက်စေရန် အတွက် လှည့်ဖျား ပြောဆိုနေမှုသာ ဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က စက်မှု ၀န်ကြီးလုပ်ခဲ့သူ ဗိုလ်မှူးကြီး မောင်ချိုသည် ဂျာမန်အမျိုးသမီးကို လက်ထပ်ထားသူ ဖြစ်သည်။ သို့သော် ဗိုလ်မှူးကြီး မောင်ချိုသည် မြန်မာနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်၊ မြန်မာနိုင်ငံတွင် အခွန်ဆောင်နေသူ ဖြစ်သောကြောင့် အရွေးချယ်ခံခွင့်ရှိပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်ကို လေ့လာ တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သာ ဗြိတိသျှ နိုင်ငံကူး လက်မှတ်ကို မကိုင်ဆောင်ခဲ့လျှင်၊ ဗြိတိန်နိုင်ငံတွင် အခွန်မဆောင်ပဲ မြန်မာ သံရုံးတွင်သာ အခွန်ဆောင်ခဲ့လျှင် ထိုကဲ့သို့ ဖြစ်စရာ အကြောင်းမရှိပေ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နိုင်ငံခြားသားကို လက်ထပ်မိခြင်းကြောင့် အစိုးရက ရမယ်ရှာပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပြုဟု ပြောခြင်းမှာမူ ပြည်သူကို နားလှည့် ပါးရိုက်ရန် ကြိုးစားခြင်း သက်သက်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံခွင့် ရရန်အတွက် ထိုအချက်ကို ပြင်ရမည် ဆိုသည်မှာလည်း သဘာဝမကျ။ မြန်မာ လူမျိုးများထဲတွင် အခြားနိုင်ငံတစ်ခု၏ နိုင်ငံကူး လက်မှတ် ကိုင်ထားသူ၊ အခြား နိုင်ငံသား ခံယူထားသူ အများကြီးရှိသည်။ ကောင်းသူလည်း ရှိမည်။ လူဆိုးလူညစ်တွေလည်း ပါမည်။ လူတစ်ဦး အခွင့်အရေးအတွက် ထိုလူတွေကိုပါ ရွေးချယ်ခံခွင့် ပေးရမည် ဆိုသည်မှာ သဘာဝကျမကျ ချင့်ချိန်ကြပါကုန်။
နောက်ထပ် စဉ်းစားသင့်သည့် အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ အခြေအနေ ဖြစ်သည်။ ယနေ့အချိန်တွင် သူမ မည်သည့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည်ကို ကျွန်တော်တို့မသိပါ။ မည်သည့် နိုင်ငံတွင် အခွန်ဆောင် နေသည်ကို မသိပါ။ အခြားနိုင်ငံ အစိုးရများ၊ အဖွဲ့အစည်းများက ပေးထားသော ငွေကြေးများကို သူမမည်ကဲ့သို့ ထားရှိ သုံးစွဲနေသည်ကို မသိပါ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်မည်ဆိုလျှင် ထိုအချက်များကို သူမဖြေရှင်း ရပေလိမ့်မည်။ သူမသည် အခြားနိုင်ငံ အစိုးရ တစ်ခု၏ နိုင်ငံသား မဟုတ်ကြောင်း၊ ပြည်ပ အဖွဲ့အစည်းများက ပေးအပ်သော ငွေများကို လက်ခံသုံးစွဲမှု မရှိကြောင်း သက်သေ ထူရပါလိမ့်မည်။ ထိုအခါ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပါမည်။ ထိုကဲ့သို့ ဥပဒေနှင့် အညီဆုံးဖြတ်ချက်ကို အားလုံးက လက်ခံရမည်သာ ဖြစ်သည်။
ရွေးကောက်ပွဲတွင် မြန်မာ့နိုင်ငံရေး၌ ပါဝင် ပတ်သက်နေသူ အားလုံး ပါဝင်သင့်သည် ဆိုသည်မှာ အခြေခံ အယူအဆအားဖြင့် မှန်ပါသည်။ သို့သော် မည်သည့် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဆို လွှတ်တော် အမတ်များ၏ အရည်အချင်း၊ ရွေးချယ် ခံပိုင်ခွင့် မရှိသူများကို သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုအခြေအနေသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံတူမည် မဟုတ်ပါ။ အမေရိကန်နိုင်ငံတွင်မူ ထိုအရည်အချင်းကို ပြည်ထောင်စုက မသတ်မှတ်ဘဲ ပြည်နယ် အလိုက် သတ်မှတ် ကြသဖြင့် အမျိုးမျိုး ကွဲပြားနေသည်ဟု ဖတ်ဖူးသည်။ ထိုကြောင့် ရွေးကောက်ပွဲတိုင်းတွင် ဥပဒေနှင့် မကိုက်ညီသဖြင့် ရွေးချယ်ခံ ပိုင်ခွင့်မရှိသူ ဆိုသည်မှာ ရှိစမြဲ ဖြစ်ပေမည်။ အချို့နိုင်ငံများတွင်မူ ရွေးချယ်ခံပြီးမှ အရည်အချင်း ပျက်ယွင်းကြောင်း တွေ့ရသဖြင့် ရလဒ်များ ပယ်ဖျက်ခဲ့ ရသည်လည်း ရှိသည်။ ( ဥပမာ။ ထိုင်း) ထိုကဲ့သို့ အရွေးချယ်ခံခွင့် မရှိသူများထဲတွင် ကိုယ်သိပ် ကြိုက်လို့၊ နံမည်ကြီး ပုဂ္ဂိုလ်ပါနေလို့ သူ့ကိုတော့ ခွင့်ပြုလိုက်ပါလို့ ပြောလျှင် တရားပါမည်လား။ ဘာပဲဖြစ်ဖြစ် အားလုံး ပြန်သုံးသပ်လိုက်လျှင် ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မှ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ ဖြစ်မည် ဆိုသည့် အယူအဆမှာ ကြောင်းကျိုးခိုင်လုံမှု မရှိဟုသာ ဆိုချင်သည်။ ထိုကဲ့သို့ ကြောင်းကျိုး မခိုင်လုံသည့် အချက်ကို တရားသေစွဲ နေလျှင် မြန်မာ့ နိုင်ငံရေးသည် ဘယ်တော့မှ ရှေ့ကို ရောက်တော့မည် မဟုတ်ပါ။
ဒဂုံသား
Posted by ပိတောက်မြေ at 12:06:00 AM 20 comments
Labels: အသွင်ကူးပြောင်းရေး
၁၅-၇-၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံ သတင်းများ
- ဧရာဝတီတိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ် ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်များပျက်စီး - ခေတ်ပြိုင် click here
- ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ရွေးလွှတ်ဖို့ ကင်တားနား တောင်းဆို - ဗွီအိုအေ click here
- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီး ဘာဆက်လုပ်မှာပါလဲ - ခေတ်ပြိုင် click here
- စစ်အစိုးရ၏ အလုပ်သမားကာကွယ်ရေးဖွဲ့စည်းမှု နောက်ကျ - ခေတ်ပြိုင် click here
- မန္တလေးမှ လူသတ်မှု သတင်းဖြင့် သံဃာထု သိက္ခာကို ချဖို့ကြံစည် - မိုးမခ click here
- ရွေးကောက်ပွဲထဲမှာ သူတို့ကို ထားရစ်ခဲ့ - မိုးမခ click here
- မြန်မာမီဒီယာကို ကမ္ဘာအထိ ထိုးဖောက်မည်ဟု ဗိုလ်မှူးချုပ်ကျော်ဆန်း ပြော - ဒီဗွီဘီ click here
- နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ကို ကျယ်ကျယ်မပြောဝံ့သေးတဲ့ နအဖ - မိုးသီးဇွန် click here
- နိုင်ငံရေးအကျဉ်းသား အစစ်အမှန် လွှတ်ဖို့လိုသည်ဟု အေအေပီပီပြော - ဒီဗွီဘီ click here
- ရန်ကုန်-နေပြည်တော်-မန္တလေး လျှပ်စစ် အမြန်ရထားလမ်း စီစဉ် - အာရ်အက်ဖ်အေ click here
- ဖားကန့်ရေဘေး ဒုက္ခသည်များ နေစရာ အခက်အခဲတွေ့နေ - အာရ်အက်ဖ်အေ click here
- မိုးကောင်းမြို့နယ် ပင်းဘောတိုက်နယ်ဆေးရုံမှာ လူနာအဆမတန် များပြားနေ - အာရ်အက်ဖ်အေ click here
- အေးရှားဝေါလ် ဆိပ်ကမ်းတွင် ပေါက်ကွဲမှုတရပ် ဖြစ်ပွား - မဇ္စျိမ click here
- ဒေါနတောင်ကြားတွင် မြေပြို ကုန်စီးဆင်းမှု ရပ်တန့် - ခေတ်ပြိုင် click here
- အလုပ်သမားနိုင်ငံကူးလက်မှတ် နယ်စပ်တွင် ထုတ်ပေးပြီ - ဧရာဝတီ click here
- ဂျာနယ်စာမူကြမ်းများကို စီဒီဖြင့်တင်ပြရန် စာပေစိစစ်ရေး ညွှန်ကြား - မဇ္စျိမ click here
- နိုင်ငံရေးခေါင်းဆောင်များကိုလုပ်ကြံရန် စစ်အစိုးရက သေနတ်သမားများ စေလွှတ် - အာရ်အက်ဖ်အေ click here
- ဘန်ကီမွန်း၏ အစီရင်ခံစာအပေါ် အနောက်နိုင်ငံများနှင့် တရုတ်၏ တုံ့ပြန်မှု - အာရ်အက်ဖ်အေ click here
- ကုလအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအပေါ် နိုင်ငံရေးခေါင်းဆောင်များ၏ အမြင် - အာရ်အက်ဖ်အေ click here
- မြန်မာနိုင်ငံကို တကမ္ဘာလုံးက စောင့်ကြည်နေ့သည်ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတိပေး - ခေတ်ပြိုင် click here
- ထောင်ထဲရှိ ကျောင်းသားခေါင်းဆောင်များကို ရွေးကောက်ပွဲဝင်ဖို့ စည်းရုံး - အာရ်အက်ဖ်အေ click here
- မြန်မာစစ်အစိုးရ အကျဉ်းသားတွေ လွှတ်ပေးမည့်အပေါ် NLD သံသယနဲ့ တုံ့ပြန် - ဗွီအိုအေ click here
- ကားပစ္စည်းတင်သွင်းခွင့် မူဝါဒပြောင်း - မဇ္စျိမ click here
Posted by ပိတောက်မြေ at 12:01:00 AM 0 comments
Labels: သတင်း
Tuesday, July 14, 2009
အတွင်းရေးမှူးချုပ်ဘန်ကီမွန်းမှ လုံခြုံရေးကောင်စီသို့ မြန်မာနိုင်ငံခရီးစဉ်အပေါ် တင်ပြချက်
(ဇူလိုင်လ ၁၃ ရက်နေ့က လုံခြုံရေးကောင်စီမှာ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းပြောတဲ့မိန့်ခွန်းကို ဆီလျော်အောင် ဘာသာပြန် တင်ပြလိုက်ပါတယ်။)
မြန်မာနိုင်ငံကို သွားရောက်ဖို့နဲ့ အတွင်းရေးမှူးချုပ်ရုံးရဲ့ အခန်းကဏ္ဍ အောက်ကနေ ကြိုးပမ်း လုပ်ဆောင်ဖို့ ဆိုတဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်များကို ထောက်ခံ အားပေးခဲ့တဲ့ လုံခြုံရေး ကောင်စီဝင် နိုင်ငံများ၊ မြန်မာနိုင်ငံ ဆိုင်ရာ မိတ်ဆွေများ အဖွဲ့ဝင်နိုင်ငံများ အားလုံးကို ကျေးဇူးတင်ပါတယ်။ မနှစ်တုံးက နာဂစ် ကယ်ဆယ်ရေး အတွက် လိုအပ်တဲ့ လူမှုဂရုဏာ အကူအညီများ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာ ထိပ်တန်း ခေါင်းဆောင်တွေကို တိုက်ရိုက် တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလမှ ပစ်ပယ်ထားလို့ မရဘူးလို့ ကျွန်တော် ယုံကြည်တဲ့ အရေးကြီးပြီး ကာလ ရှည်ကြာစွာထဲက ရှိနေတဲ့ ပြဿနာတွေ အကြောင်းကို ပြောကြားဖို့ သွားခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရားရုံးအမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ အများကြီး ရှိနေသလို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အကြို ကာလလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော် အနေနဲ့ ဒီစိုးရိမ် ပူပန်မှုတွေကို ပြောဖို့လိုသလို အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ရေရှည် ဖွံ့ဖြိုး တိုးတက်မှုများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အကူအညီ များကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျွန်တော်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ငြင်းပယ် ခဲ့တာဟာ စိတ်ပျက်ဖို့ ကောင်းသလို မြန်မာနိုင်ငံအတွက် အဓိက အခွင့်အလမ်း တစ်ခု ဆုံးရှုံးခဲ့တာ ဖြစ်တယ် ဆိုတာကို ပြောလိုပါတယ်။ ဒီလို ဖြစ်သွားတာ တစ်ခုထဲနဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကို အကဲဖြတ်လို့ မရပေမယ့် ဒီလို တွေ့ခွင့်ပြုတာဟာ အပြုသဘောနဲ့ ပြန်လည် သင့်မြတ်လိုတဲ့ သဘောထားတွေကို ပြည်တွင်းနဲ့ ပြည်ပကို အချက်ပြရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ ပါဝင် ဆောင်ရွက်နေမှုများဟာ များပြားပြီး ရှုပ်ထွေး နက်နဲပါတယ်။ အဲဒီ ကြိုးပမ်းမှုတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် အရေးကြီးတဲ့ ကိစ္စတွေ အားလုံးကို လွှမ်းခြုံ ပတ်သက်နေ ပါတယ်။ ဒီခရီးစဉ်မှာ ဒီကိစ္စတွေကို ကျွန်တော် ကိုင်တွယ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နှစ်ကြိမ်၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တစ်ကြိမ် တွေ့ဆုံချိန်မှာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာကဏ္ဍနဲ့ အတွင်းရေးမှူးချုပ်ရုံးက အဆိုပြုထားတဲ့ အချက် ငါးချက်အပေါ်မှာ လေးနက် အဓိပ္ပါယ်ရှိတဲ့ လုပ်ဆောင်ချက်များ ပြုလုပ်ဖို့ ပြင်းပြင်း ထန်ထန် ဆွေးနွေး ပြောကြားခဲ့ပါတယ်။ နောက်ပြီး ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းခြင်း မပြုဘူးဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ် အယုံအကြည် ကင်းမဲ့နိုင်တဲ့ အဓိက အချက် သုံးချက်ကိုလည်း အလေးထားပြီး ဆွေးနွေး ပြောကြားခဲ့ပါတယ်။ အဲဒါတွေ ကတော့ (၁) ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသမားများ အားလုံး လွှတ်ပေးရေး။ (၂) အစိုးရနဲ့ အတိုက်အခံများ အကြားမှာ လေးနက်တဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရေး။ (၃) ယုံကြည် စိတ်ချရပြီး တရားဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖော်ဆောင် ပေးရေးတို့ပဲ ဖြစ်ပါတယ်။ ယခင် အတွေ့အကြုံများ အရ ကုလသမဂ္ဂ အနေနဲ့ ရွေးကောက်ပွဲတွေဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေရဲ့ အရည်အသွေးတွေ အပေါ် မူတည်ပြီး လူတွေကို ပိုမို စည်းလုံး သွားစေ နိုင်သလို ပိုမိုကွဲပြား ခြားနားမှုတွေ ဖြစ်ပေါ်စေနိုင်တယ် ဆိုတာ နားလည်ထားပါတယ်။
အဲဒီစိုးရိမ်ပူပန်မှုသုံးချက်ကို ကုလသမဂ္ဂ အကူအညီနဲ့ ဖြေရှင်းဖို့ အတွက် နိုင်ငံရေး ဖြစ်စဉ်ဟာ အားလုံး ပါဝင်နိုင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံသား အားလုံးရဲ့ အကျိုးကို ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါမှသာ နိုင်ငံတကာရဲ့ ကျယ်ကျယ် ပြန့်ပြန့် အသိအမှတ်ပြု ခံရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီတွေ၊ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ တွေ့ရတဲ့အတွက် အဲဒီ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်နဲ့ စိုးရိမ်မှုတွေကို နားထောင်ခွင့်ရ ခဲ့ပါတယ်။ ဒါတွေကို အာဏာပိုင်တွေကိုလည်း ပြောပြခဲ့ပါတယ်။ ပြီးတော့ အဲဒီ အုပ်စု နှစ်ခုလုံးကို နိုင်ငံရေး ဖြစ်စဉ်တွေမှာ အပြုသဘောနဲ့ ဆက်လက် ပါဝင်ဖို့ အတွက်လည်း အားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ဖို့ဆိုရင် နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာတွေကို ဖြေရှင်းဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်း နိုင်ဖို့ လိုပါတယ်။ အခုအချိန်ထိ ရရှိထားပြီး ဖြစ်တဲ့ အကျိုးအမြတ်တွေ ပြန်ပြီး ဆုံးရှုံးမသွားဖို့ဟာ အားလုံးရဲ့ အကျိုးဖြစ် ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေသူတွေ အားလုံးရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးဖို့ ဆိုတာဟာ အစိုးရရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။ ဒါပေမယ့် ပါဝင် ပတ်သက်သူ အားလုံးကလည်း မိမိတို့ ကျရာ အခန်းကနေ နိုင်ငံ အကျိုးအတွက် လုပ်ဆောင်ပေးဖို့ တာဝန်လည်း ရှိပါတယ်။
လူမှုဂရုဏာ အကူအညီကဏ္ဍနဲ့ပတ်သက်ပြီး မကြုံစဖူး ထူးကဲတဲ့ မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ အာဆီယံအကြား ပူးပေါင်း ဆောင်ရွက်မှုကြောင့် နာဂစ်ဒဏ်ခံ ဒေသတွေမှာ ပြန်လည် ထူထောင်ရေးနဲ့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ တိုးတက် ဖြစ်ပေါ်နေတာကို လေ့လာခွင့် ရခဲ့ပါတယ်။ ကျွန်တော်ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတိုင်းမှာ အခု ရရှိထားတဲ့ အောင်မြင်မှုတွေကို ခိုင်မာအောင် လုပ်ဖို့၊ နောက်ပြီး နိုင်ငံတ၀န်းလုံးက လိုနေတဲ့ နေရာတွေအထိ ချဲ့ထွင် အကူအညီပေး နိုင်ဖို့၊ မြစ်ဝကျွန်းပေါ် ဒေသကို အကူအညီတွေ မြန်မြန်နဲ့ တိုးချဲ့ပြီး ပေးနိုင်ဖို့ အတွက် ပြောခဲ့ပါတယ်။ နိုင်ငံတကာ အသိုင်း အ၀န်းအနေနဲ့ လူမှုဂရုဏာအကူအညီတွေကို နိုင်ငံရေးအကြောင်းပြချက်နဲ့ ဓားစာခံလုပ်ထားဖို့မသင့်သလို၊ အစိုးရ အနေ နဲ့ကလည်း လူမှုဂရုဏာအကူအညီတွေကို တစ်ချို့လူတွေကို ပေးပြီး တစ်ချို့ကို ငြင်းပယ်ထားဖို့ မသင့်ပါဘူး။
ဒါတွေအပြင် ကျွန်တော့်ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်း ဖို့လည်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ရဲ့ အတွေ့အကြုံများအရ လူမှုစီးပွား အခြေအနေတွေဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အပေါ် အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာ တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ ထိပ်တန်း ခေါင်းဆောင် တွေကို ကုလသမဂ္ဂနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အရေးတကြီး ဖြေရှင်းဖို့ လိုနေတဲ့ ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက် တွေကို ဖြေရှင်းဖို့၊ အဲဒီလို ဖြေရှင်းရာမှာလည်း လူ့အဖွဲ့အစည်း အတွင်းက အလွှာ အသီးသီးက ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ခွင့်ရတဲ့ လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်ဖို့ အဆိုပြုခဲ့ပါတယ်။ ပြည်သူတွေကို သူတို့ နိုင်ငံရဲ့ ဖွံဖြိုး တိုးတက်မှုမှာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့် ရအောင် လုပ်ဆောင် ပေးခြင်းဟာ တည်ငြိမ်မှု၊ ဒီမိုကရေစီ ထွန်းကားမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးကြီး ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒေသ စီးပွားရေးနဲ့ ကမ္ဘာ့ စီးပွားရေးကနေ အကျိုးအမြတ်တွေကို ခံစားရမှာ ဖြစ်သလို အဲဒီ စီးပွားရေးတွေ အတွက်လည်း ပါဝင် ဖြည့်ဆည်း ပေးနိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂ အနေနဲ့ မြန်မာအစိုးရ၊ မြန်မာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ရဖို့အတွက် ဖြေရှင်းရမယ့် အရေးကြီး ပြဿနာတွေကို ဖြေရှင်းဖို့ အသင့်ရှိတယ် ဆိုတာ အခိုင်အမာ သက်သေ ပြလိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အနှစ်သာရ ရှိရှိ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ အတွက် အကျိုး အများကြီး ရှိမှာ ဖြစ်ပါတယ်။ ဒီသတင်း စကားကို အဆင့်အမြင့်ဆုံး မြန်မာ ခေါင်းဆောင်တွေကို ရှင်းရှင်း လင်းလင်းနဲ့ ဒဲ့ဒိုး ပြောခွင့်ရဖို့ ဆိုတာ နိုင်ငံတကာ အသိုင်းအ၀န်း အတွက် ရတောင့် ရခဲ အခွင့်အရေး ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ဘာတွေရပြီး ပြန်လာတယ် ဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော်က အာဏာပိုင်တွေကို ဘာတွေ ပြောခဲ့တယ် ဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်က ကျွန်တော့် အနေနဲ့ရော၊ နိုင်ငံတကာ အသိုင်းအ၀န်း အနေနဲ့ပါ အစိုးရအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အားလုံး ပါဝင်ခွင့်ရပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ကတိကို ဖြည့်ဆည်းဖို့ လိုတယ် ဆိုတာ ရှင်းရှင်း လင်းလင်း ပြောခဲ့ပါတယ်။ သိပ်မဝေးတဲ့ အနာဂတ်မှာ ကျွန်တော် အဆိုပြုခဲ့တဲ့ အချက်တွေကို အကောင် အထည်ဖော်ဖို့ အတွက် လိုအပ်တာတွေ လုပ်ဖို့ လိုတယ် ဆိုတာကို ပြောခဲ့တယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ရစေမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒီတုံးက ဒီကတိတွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ဟာ မြန်မာ အာဏာပိုင် တွေရဲ့တာဝန် ဖြစ်တယ်၊ နိုင်ငံရေး ဖြစ်စဉ်တွေဟာ အားလုံး ပါဝင်ခွင့်ရှိပြီး ယုံကြည် စိတ်ချရမှု ရှိရမယ်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့် ရှိတယ် ဆိုတာကို ခိုင်ခိုင် မာမာ သက်သေပြဖို့ လိုတယ် ဆိုတာ ပြောခဲ့တယ်။ အခုလည်း ဒါကိုပဲ ထပ်ပြီး ပြောလိုပါတယ်။ အခြားအဖွဲ့ဝင် နိုင်ငံတွေလိုပါဘဲ။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်လေ၊ အချုပ်အခြာ အာဏာ ပိုမိုခိုင်မြဲလေ ဖြစ်မှာပါ။
မြန်မာနိုင်ငံက မထွက်ခွာခင်မှာ ကျွန်တော်ဟာ ကျွန်တော်ရဲ့ သတင်း စကားတွေကို အသိုင်းအ၀န်း အမျိုးမျိုးက လူတွေပါတဲ့ များပြားတဲ့ ပရိသတ်ကို ပြောကြားခွင့် ရခဲ့ပါတယ်။ ဒါဟာ ကြုံတောင့် ကြုံခဲ အခွင့်အရေး ဖြစ်ပါတယ်။ ကျွန်တော်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးနဲ့ ဆိုင်တဲ့ မေးခွန်း ဖြစ်တဲ့ မြန်မာနိုင်ငံဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးရဖို့နဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ လူ့အခွင့်အရေးကို လေးစားမှုတို့ ရဖို့အတွက် ဘယ်လောက် ကြာကြာ စောင့်နေဦးမှာလည်း၊ ဘယ်လောက် အထိ ပေးဆပ် နေဦးမှာလည်း ဆိုတဲ့ မေးခွန်းကို အဲဒီ မိန့်ခွန်းမှာ ထည့်မေးခဲ့ ပါတယ်။ မြန်မာအစိုးရ၊ မြန်မာ ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းကို ကျွန်တော် ပေးချင်တဲ့ သတင်း စကားမှာ အချက် နှစ်ခု ပါပါတယ်။ ပထမတစ်ချက် ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းဟာ ထူးခြားပြီး ရှုပ်ထွေး နက်နဲတာ မှန်ပေမယ့် အသွင် ကူးပြောင်းရေး ကာလမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ကတော့ အရင်တုံးက မဖြစ်ခဲ့ဘူးတာ မဟုတ်သလို ဖြေရှင်းလို့ မရတာတွေလည်း မဟုတ်ပါဘူး ဆိုတာ ဖြစ်ပါတယ်။ ဒုတိယ အချက် ကတော့ အခု မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေဖြစ်တဲ့ နိုင်ငံရေး၊ လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ၊ ဖွံ့ဖြိုး တိုးတက်မှု ဆိုတာတွေဟာ မြန်မာတစ်နိုင်ငံတည်းနဲ့ ဖြေရှင်းလို့ မရဘူး၊ ဒါတွေကို အလေးထား မဖြေရှင်းဘူးဆိုရင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ရဖို့အတွက် အခက်အခဲ ဖြစ်လိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။
အဲဒီမိန့်ခွန်းဟာ မြန်မာနဲ့ ဆက်လက် ထိတွေ့ ဆက်ဆံဖို့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ထပ်အတည်ပြုဖို့ အခွင့် အရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အထီးကျန် နေတာ မဟုတ်ဘူး ဆိုတာလည်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာ အသိုင်းအ၀န်း အတွက်လည်း အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ မြန်မာ တစ်နိုင်ငံ တည်းမှာသာ မဟုတ်ဘူး၊ တစ်ခြား နေရာတွေမှာလည်း ပြည်သူတွေရဲ့ အခွင့်အရေး၊ သူတို့ရဲ့ သက်သာ ချောင်ချိရေးနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာတို့ အတွက် အမြဲ ဆောင်ရွက်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဒီတာဝန်ကို ကျွန်တော်တို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး။
ခင်ဗျားတို့ရဲ့ ကျွန်တော့်ရုံးရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံမှု၊ နောက်ပြီး အာဆီယံနိုင်ငံများနဲ့ အိမ်နီးချင်းနိုင်ငံ များက မြန်မာ အစိုးရအပေါ် တိုက်တွန်း အားပေးမှုတွေက အရင်ကထက်ပိုပြီး အရေးကြီးလာ၊ ပိုပြီး လိုအပ်လာ နေပါပြီ။ ပြီးခဲ့တဲ့ အပတ်တုံးက ဂျီ ၈ နိုင်ငံများက ကျွန်တော့်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံခဲ့တဲ့ အကြောင်းနဲ့ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ သိသာ ထင်ရှားတဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေကို အပြုသဘောဆောင် တုန့်ပြန်ဖို့ ပြင်ဆင် ထားတယ် ဆိုတဲ့ အကြောင်း ပြောကြားခဲ့တဲ့ အပေါ် ကြိုဆိုပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ မိတ်ဆွေများ အဖွဲ့က အတွင်းရေးမှူးချုပ်ရုံးရဲ့ လုပ်ဆောင်ချက်နဲ့ ကျွန်တော် ကိုယ်တိုင် ထိတွေ့ ဆောင်ရွက်မှု အပေါ် ဆက်လက် ထောက်ခံခဲ့တာကိုလည်း ကြိုဆိုပါတယ်။
အခု ကျွန်တော်အနေနဲ့ မြန်မာအာဏာပိုင်တွေ ဘာလုပ်ဖို့ လိုတယ် ဆိုတာကို အရှင်းဆုံး ပြောလိုက်ပါ့မယ်။ မြန်မာ နိုင်ငံ အကျိုးအတွက် အပြုသဘော ဆောင်တဲ့ တုန့်ပြန်မှုတွေ လုပ်ဖို့က သူတို့ တာဝန် ဖြစ်သွားပါပြီ။ ကျွန်တော့် မိန့်ခွန်း ထဲမှာ ပြောခဲ့သလိုပဲ မြန်မာအစိုးရက ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ထိတွေ့ ဆက်ဆံဖို့ ပျက်ကွက်ခဲ့ရင် မြန်မာ ပြည်သူတွေပဲ ပေးဆပ် နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ အာဏာပိုင်တွေဟာ သူတို့ ပြည်သူတွေ အတွက် သာမက နိုင်ငံတကာ မိသားစုဝင် တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ နိုင်ငံတကာ အသိုင်းအ၀န်း ကိုယ်စား အဆိုပြုခဲ့တဲ့ အချက်တွေကို တုန့်ပြန်ဖို့ တာဝန် ရှိပါတယ်။ လာမယ့်နေ့တွေ၊ ရက်သတ္တပတ်တွေမှာ မြန်မာ ခေါင်းဆောင်တွေ အနေနဲ့ အားလုံးရဲ့ အကျိုးကို ရှေ့ရှုပြီး လုပ်မလား၊ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းကို မျက်ကွယ်ပြုမှာလား ဆိုတာ ကို ရွေးရပါတော့မယ်။ သူတို့က နိုင်ငံရဲ့အကျိုး အတွက် အကောင်းဆုံး ဖြစ်မယ့် လုပ်ဆောင်ချက်တွေကို လုပ်မှာလား၊ ဒါမှ မဟုတ် မြန်မာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ လိုအပ်ချက်တွေကို လျစ်လျူရှု ထားမှာလား ဆိုတာ တစ်ကမ္ဘာလုံးက အနီးကပ် စောင့်ကြည့် နေတော့မှာ ဖြစ်ပါတယ်။
Posted by ပိတောက်မြေ at 1:31:00 AM 8 comments
Labels: ဆောင်းပါး
၁၄-၇-၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- နေပြည်တော်ဘူတာသစ်အနီး မြေပြိုမှုဖြစ်ပွား - ခေတ်ပြိုင် click here
- ဇူလိုင် ၂၂ ဆူနာမီနှင့် ငလျင် ဝင်တိုက်မည်ဟူသော ကောလာဟာလ ပြန့်နေ - မိုးမခ click here
- ကေပီအက်ဖ် ဒုဗိုလ်မှူးကြီး စောလေးဝါး ပြန်လွတ်လာ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ click here
- ဂျီအက်စ်အမ်ဖုန်းများ မြဝတီတွင် အလုပ်မဖြစ် - ခေတ်ပြိုင် click here
- မြန်မာနှင့်ကုန်သွယ်ရာတွင် တက်ကနက်ဆိပ်ကမ်းမှ တာကာ သန်းပေါင်း ၆၉၀ ရရှိ - နိရဉ္စရာ click here
- မူဆယ်မြို့အနီးတွင် မီးရထားဘူတာရုံတည်ဆောက်ရန် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး လာကြည့် - ခေတ်ပြိုင် click here
- ကျိုက္ကဆံစေတီတော် ပန်းလည်တိုင် နှုတ်မရ၍ ထီးတော်တင်ရန် အခက်အခဲဖြစ် - ခေတ်ပြိုင် click here
- အပစ်ရပ်အဖွဲ့များနှင့် ညှိနှိုင်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ချဉ်းကပ် - အာရ်အက်ဖ်အေ click here
- လှိုဏ်ခေါင်းသန်းရွှေနဲ့ ကြွက်တွင်းဂျုံအီး - ခေတ်ပြိုင် click here
- မြန်မာ့အရေး ကမ္ဘာမှ အာရုံစိုက်နေစေရေး (ဆောင်းပါး) - လူထုအသံ click here
- ငြိမ်းချမ်းသော ၂၀၁၀ ခုနှစ်ဆီသို့ (ဆောင်းပါး) - လူထုအသံ click here
- သမိုင်းတခေတ် နေ့ရက်များစွာ (ဆောင်းပါး) - လူထုအသံ click here
- မြောက်ကိုရီးယားလှိုဏ်ခေါင်းကဲ့သို့ သတင်းပေါက်ကြားမှုတွင် စစ်အစိုးရက တပ်မတော်သားများကို အရေးယူမည် - မိုးမခ click here
- သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ - ၈ - မိုးမခ click here
- အရေးတော်ပုံ ရင်ခုန်သူများအကြောင်း ကဗျာဆရာအောင်ဝေးပြောပြီ - မိုးမခ click here
- ကေအန်ယူကိုတိုက်ခိုက်ရန် စစ်ကြောင်းများတက်လာနေသည့် သတင်းကြောင့် ဒေသခံတို့ ကြောက်ရွံ့နေကြ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ click here
- နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (ဥရောပဌာနခွဲ) ဒုတိယအကြိမ် ညီလာခံ ကျင်းပပြီးစီး - နိရဉ္စရာ click here
- အစိုးရပိုင် မှော်ဘီ ပလပ်စတစ်စက်ရုံ မီးလောင်၊ သိန်း ၅၀ နီးပါးဆုံးရှုံး - အာရ်အက်ဖ်အေ click here
- ရပ်ကွက်အာဏာပိုင်များ ဝိုင်းရိုက်၍ သေဆုံးမှု အာရှလူ့အခွင့်အရေးအဖွဲ့ ကြေညာချက်ထုတ် - အာရ်အက်ဖ်အေ click here
- ဒညင်းခြံ ဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းမည် - သတင်းနှင့်မီဒီယာကွန်ရက် click here
- ဇူလိုင် ၂၅ ရက်နေ့မှ စ၍ မွန်ပြည်သစ်ပါတီမှ အရေးပေါ်အစည်းအဝေး ပြုလုပ်မည် - လွတ်လပ်သော မွန်သတင်းအေဂျင်စီ click here
- မွန်လက်နက်ကိုင် ရမညတပ်ဇွဲ့က ပြည်သူထံတွင် ငွေကြေးတောင်းခံ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ click here
- ကရင်ရွာသား ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး - ဧရာဝတီ click here
- တာချီလိတ်တွင် ကျပ်သန်း ၅ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိ - သတင်းနှင့်မီဒီယာကွန်ရက် click here
- ဖားကန့်ကျောက်စိမ်းတွင်း သေဆုံးသူများကို အစုအပြုံလိုက် မြှုပ်နှံ - သတင်းနှင့်မီဒီယာကွန်ရက် click here
- လုံခြုံရေးကောင်စီမှာ တင်ပြပေးဖို့ သံဃာ့တပ်ပေါင်းစု၊ ၈၈မျိုးဆက်ကျောင်းသာများ တောင်းဆို - အာရ်အက်ဖ်အေ click here
- ၈၈ ခေါင်းဆောင် ကိုမြအေး ထောင်ဝင်စာ တွေ့ခွင့်မရ - မဇ္စျိမ click here
Posted by ပိတောက်မြေ at 12:08:00 AM 0 comments
Labels: သတင်း
Monday, July 13, 2009
သူရဲမွေးမိတဲ့ ဒို့ မြန်မာတွေ
ကိုဂျူး
အနှစ်ငါးဆယ်လောက် စစ်အစိုးရအဆက်ဆက် မှန်တယ် ထင်တာ လုပ်ခဲ့လို့ မြန်မာပြည်လဲ ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရပါပြီ၊ မြန်မာ ပြည်သူတွေဟာ လက်တွေ့မှာ စစ်အစိုးရတွေ လုပ်ချင်ရာ လုပ်နေတာကို ဘာမှ မတားဆီးနိုင်ဘဲ ကြောက်ကြောက်နဲ့ ထိုင်တောင်းပန် နေရတဲ့ အဆင့်တော့ ရောက်နေပါပြီ၊ ကုလသမဂ္ဂ အပါအ၀င် တကမ္ဘာလုံးက ၀ိုင်းပြော ၀ိုင်းတောင်းပန်နေလဲ နအဖကတော့ မလှုပ်ပါဘူး၊
မြန်မာ့တပ်မတော် ပေါ်ပေါက်လာတာ နှစ်ပေါင်း ၅၀ တော့ ကျော်လာပြီ ထင်ပါတယ်။ တပ်မတော်ဟာ မြန်မာ ပြည်သူတွေရဲ့ သားသမီး ရတနာများလို့ ချီးမြှောက် ပြောကြပါတယ်။ ပြည်သူတွေရဲ့ သားကြီး အသက်၅၀ ကျော် လူကြီး တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ တပ်မတော် မငယ်တော့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ကျေးဇူးကြောင့် မြန်မာ့ တပ်မတော်ကြီး ပြန်လည် တည်ထောင် ဖွဲ့စည်းနိုင်ခဲ့တာကို ပြည်သူတွေ အားလုံး ၀မ်းသာ အားရ ကြိုဆိုခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ သားသမီးများနဲ့ တည်ဆောက် ခဲ့တာ ဖြစ်လို့ ပြည်သူ့ တပ်မတော် ဘ၀ကို ချက်ချင်း ရောက်သွားပါတယ်။ သားကြီး သြရသမို့ ပြည်သူက ဖူးဖူးမှုတ် အလိုလိုက် အားကိုး ခဲ့ပါတယ်။ စစ်သားတွေ တပ်မတော်ထဲ ၀င်ကြတာ အာဏာ လိုချင်လို့ မဟုတ်ဘူး၊ ရာထူး ဌါန္ဒရတွေ မက်မောလို့ မဟုတ်ဘူး၊ စည်းဇိမ် ဥစ္စာတွေ ချမ်းသာချင်လို့ မဟုတ်ဘူး တိုင်းပြည်ရဲ့ ပြည်တွင်း ပြည်ပ အန္တရာယ်တွေကနေ ကာကွယ်ဘို့၊ ပြည်သူတွေရဲ့ အသက် အိုးအိမ်တွေကို ပြည်သူတွေ ရှေ့က ရပ်တည် အနစ်နာခံ စောင့်ရှောက်ဘို့၊ ဒီ တိုင်းပြည် တာဝန်တွေကို အပင်ပန်း အဆင်းရဲခံ အလုပ် အကျွေးပြု ထမ်းဆောင်ဘို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တပ်မတော်ထဲ ၀င်ကြတယ်လို့ စတင် တည်ထောင်စ ကထဲက ပြောဆိုတာတော့ ကြားဘူးပါတယ်။
လွတ်လပ်ရေးရခါနီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး လုပ်မှာမို့ တပ်ကထွက်ပြီး ဘုရင်ခံ ကောင်စီထဲ ၀င်တဲ့အခါမှာ တပ်မတော်ဟာ ဗိုလ်ချုပ် နေ၀င်းနဲ့ ဗိုလ်ချုပ်လက်ျာ တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရပါတယ်။ အဲဒီခေတ်က နိုင်ငံရေး လုပ်မယ်ဆို တပ်က ထွက်ကြရပါတယ်၊ ရာထူးနှစ်ခု၊ သုံးခု ယူချင်တိုင်း ယူလို့ မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလဲ အခွင့်အရေး ပိုမယူခဲ့ပါဘူး၊ တပ်က ထွက်ရပါတယ်။ ခေါင်းဆောင်ကောင်း ပီပီ နည်းမှန် လမ်းမှန် လမ်းညွှန်ပြခဲ့တာပါ။ ဦးနု အစိုးရ လက်ထက်မှာ ဗိုလ်လက်ျာက ကာကွယ်ရေး ၀န်ကြီး ဖြစ်သွားလို့ တပ်က ထွက်သွားတဲ့ အခါမှာတော့ စစ်တပ်ထဲမှာ ဗိုလ်ချုပ်နေ၀င်းဟာ ပြိုင်ဘက်မရှိ ခေါင်းဆောင် ဖြစ်သွားခဲ့ပါတယ်။
၁၉၆၂မှာ ၀န်ကြီးချုပ်ဦးနုလက်ထဲက ဗိုလ်ချုပ်နေ၀င်း အာဏာ သိမ်းလိုက်တဲ့ အခါမှာတော့ တပ်မတော် ခေါင်းဆောင်ကော အစိုးရ ခေါင်းဆောင် ရာထူးတွေပါ တစ်ဦးတည်း ယူထားတဲ့ အတွက် ဗိုလ်ချုပ်နေ၀င်းဟာ တပ်မတော်ထဲမှာကော အစိုးရထဲမှာပါ အကြွင်းမဲ့ ခေါင်းဆောင် ဖြစ်သွား ပါတော့တယ်၊ စစ်တပ်က မထွက်ပါဘူး။ တိုင်းပြည် ခေါင်းဆောင် လုပ်ပြီး စည်းမဲ့ ကမ်းမဲ့ လုပ်ပြလိုက်လို့ အောက်လက် ငယ်သား တွေပါ စည်းကမ်း ဖေါက်ကုန်ကြ ပါတယ်။
ပြည်သူများအတွင်း မကျေနပ်မှုတွေ တိုးပွား လာပါတယ်။ သူ့အပေါ်သစ္စာမခံသူ၊ သူနဲ့အမြင် သဘောခြင်း မတိုက်ဆိုင်သူတွေ အတွက် နေရာ မရှိတော့ပါဘူး။ ဒါကြောင့် မြန်မာ့ တပ်မတော်ကော ဗိုလ်ချုပ်နေ၀င်းပါ နာမည် အကျပိုင်းကို ရောက်လာ ပါတော့တယ်။ ကိုယ်ကျင့်တရား၊ ဥပဒေစည်းကမ်း၊ စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်း တာဝန်ယူမှု ဆိုတာ တွေလဲ တပ်မတော်မှာကော တိုင်းပြည်မှာပါ ပျောက်ကွယ် သွားပါတော့တယ်။ ဗိုလ်ချုပ်နေ၀င်းဟာ ခေါင်းဆောင်ကောင်း တစ်ဦး မဟုတ်ခဲ့ပါဘူး။
နောက်ပိုင်းတော့ တိုင်းပြည်မှာ ဗိုလ်ချုပ်နေ၀င်းဟာ အာဏာရှင်ကြီး ဖြစ်လာခဲ့ပါတယ်။ သူ့လက်အောက် ငယ်သားတွေလဲ တိုင်းပြည်အပေါ်၊ ပြည်သူအပေါ်၊ တပ်မတော်အပေါ် သစ္စာရှိစရာမလို တော့ဘဲ ဗိုလ်ချုပ်နေ၀င်း အပေါ် သစ္စာ ရှိဘို့သာ လိုရင်း ဖြစ်လာပါတယ်။ ဗိုလ်ချုပ်နေ၀င်း သည်သာ မယိုင်မလဲနိုင်သော အမြဲတမ်း အနိုင်ရမဲ့ အားကိုးရာ မဏ္ဍိုင်ကြီးလို့ တပ်မတော်သား တွေထဲမှာ ခံယူလာကြပါတယ်၊ အဲဒါက မြန်မာနိုင်ငံရဲ့ ကျဆုံးခန်းအစပါဘဲ။
အခုနှစ်ပေါင်း ၅၀ အကြာ၊ စစ်ခေါင်းဆောင် သုံးဆက်မြောက်မှာတော့ တစ်ချိန်က ချမ်းသာခဲ့တဲ့ တိုင်းပြည်လဲ ဆင်းရဲသွားခဲ့ပါပြီ။ တပ်မတော်လဲ နာမည်ပျက်ခဲ့ရပြီ။ တပ်မတော် ခေါင်းဆောင် အဆက်ဆက်ဟာလဲ စည်းစိမ်ဥစ္စာ ရာထူး အာဏာတွေကို မလွတ်တန်း ချုပ်ကိုင်ထားပြီး မိမိ အကျိုးစီးပွားကို ထိခိုက်မဲ့ သဘောထား မတိုက်ဆိုင်သူ ပြည်သူတွေကို အများကြီး ရက်စက်ခဲ့ ပြီးပါပြီ။ ပြည်သူတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ရဟန်း သံဃာတွေ အားလုံးနဲ့ ပဋိပက္ခတွေ ဖြစ်ပြီးခဲ့ပါပြီ။ ပြန်ပြင်လို့ မရအောင် အမှားတွေ ကျူးလွန်ပြီးပါပြီ။ ဥပဒေ စည်းကမ်းတွေ ဆိုတာလဲ ပြည်သူကို နှိပ်စက်တဲ့ ယန္တယား လက်နက် ဖြစ်သွားခဲ့ပါပြီ၊ တစ်ချိန်က မိဘပြည်သူလို သဘောထားခဲ့ရာက အခု ရန်သူလို့ မြင်လာခဲ့ပါပြီ။ အစွယ် ပေါက်လာခဲ့ပြီ၊ တပ်မတော်ဟာ မိဘတွေမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာကို အလိုက်မသိဘဲ တိုင်းပြည် ဘဏ္ဍာငွေတွေ အနိုင်ကျင့် ယူသုံးဘို့သာ သိတဲ့ သားမိုက်ကြီး ဖြစ်နေခဲ့ပါပြီ၊ နှစ်စဉ် တိုင်းပြည် ဘတ်ဂျက်ရဲ့ ၅၀%ကို တပ်မတော်က အခုထိ ယူသုံးနေတုန်းပါ၊ တိုင်းပြည် ဘယ်လာ နလံထူနိုင်မှာလဲ။ ဘာပိတ်ဆို့မှုကြောင့်မှ မဟုတ်ပါဘူး။
ပြည်သူလူထုကို စားဝတ်နေရေး ပြေလည်အောင်၊ တိုင်းပြည် ကြီးပွား တိုးတက်အောင် တပ်မတော်က လုပ်နိုင်စွမ်း မရှိမှန်း ပြည်သူက သိလာလို့ ဒီလောက်ဆို တော်လောက်ပါပြီ၊ စနစ်လေး ဘာလေး ပြောင်းပြီး နားလည် တတ်ကျွမ်းသူတွေကို အလှည့်ပေး ကြည့်ပါဦး၊ ပြုပြင် ကြည့်ပါဦး၊ မင်းတို့လဲ ခဏနားကြပါဦး၊ လို့ဆိုတာကို စိတ်ဆိုး ရန်ပြုနေတာပါ။ ကလေး ဆိုးကြီး ဖြစ်နေတာပါ။
တိုင်းပြည်ကို စောင့်ရှောက်ဘို့၊ အနစ်နာခံ အလုပ်အကျွေးပြုဘို့ စစ်ထဲဝင်ခဲ့တယ် ဆိုသူတွေကလဲ အခုတလော ဖတ်နေရတဲ့ နအဖယိမ်း Academic ဆောင်းပါးတွေ အဆိုအရ တော့ -
မြန်မာ ပြည်သူများက နအဖ စစ်အစိုးရရဲ့ ဦးဆောင်မှုကို ခံယူပြီး အစိုးရကို မပြုတ်ကျစေဘဲ ၀ါဒတွေစနစ်တွေ တောင်းဆိုမှုတွေ ဘေးချိတ်လို့ သာတယ် နာတယ် သဘောမထားဘဲ အနစ်နာခံပြီး နိုင်ငံတော်ကို ၀ိုင်းဝန်း တည်ဆောက် ပေးကြရမည်၊ (တနည်းပြောရရင်) နအဖကို ခေါင်းဆောင် နေရာက မဖယ်ရှားဘဲ ကလေးဆိုးကြီး တွေလို ပြည်သူကဘဲ အနစ်နာခံ အလျှော့ပေးပြီး အချီတော် အချော့တော် အထိမ်းတော်တွေ လုပ်ကြရမယ် ဆိုဘဲ။ အားအားယားယားဗျာ။
ဖွတ်မိကျောင်းဖြစ်တော့ မြစ်မချမ်းသာဆိုတာ စကားပုံရှိတယ်။ မိကျောင်းဟာ မြစ်ထဲက ဘ၀တူရေနေ သတ္တ၀ါတွေကို စောင့်ရှောက်တယ်၊ မစားဘူး၊ ဒုက္ခမပေးဘူး၊ ကုန်းသတ္တ၀ါကြီးတွေကို ကုန်းပေါ်က ရေထဲဆွဲချ နပမ်းလုံး သတ်ပြီး စားနိုင်တဲ့ အင်အားရှိတယ်။ ဉာဏ်ပညာလဲ ရှိတယ်။၊ ကုန်းပေါ်က ရေထဲ ဆင်းလာတဲ့ ဖွတ်က အဲလို အင်အား ဉာဏ်ပညာ မရှိဘူး၊ ကုန်းသတ္တ၀ါတွေ လာရင် ကြောက်လို့ ရေထဲမှာ ငုတ်ပုန်းနေပြီး ဘာမှ ပြန်မလုပ်နိုင်တဲ့ အတူနေမြစ်ထဲက ငါးတွေကိုတော့ ဒုက္ခပေး ဖမ်းဆီး စားသောက် တတ်တယ်၊ ဖွတ်လို အချင်းချင်း နှိပ်စက် တတ်သူတွေ တိုင်းပြည်မှာ အကြီးအကဲ တက်ဖြစ်နေတာကို တင်စား ပြောတာပါ။ မြန်မာပြည်မှာ ဖွတ်တွေ မိကျောင်း တက်လုပ်တော့ အတူနေ ပြည်သူတွေ ဒုက္ခရောက် တယ်၊ မချမ်းသာဘူးလို့ ပြောကြတာပါ။
ပြည်သူတွေခမျာ ကိုယ့်မိသားစု စားဝတ်နေရေးလဲ လုံးပမ်း လုပ်ရကိုင်ရဦးမယ်၊ မအားရတဲ့ ကြားက ဒီမောင်တွေ ပြောသလို နာနီလုပ်ပြီး ကျပ်မပြည့်တဲ့အသက်၅၀ သားမိုက်ကြီးကိုလဲ သီးခံ ထိန်းပေးရဦးမယ် ဆိုတော့ ဘယ်သူကမှ စိတ်မ၀င်စား ကြပါဘူး။ သူတို့ ဘာသာ နားလည်ပြီး သူ့ဖာသူ ပြုပြင် လာအောင်သာ ကျိုးစားကြပါ၊ Scholar ကြီးတွေက ထိန်းသိမ်း သင်ကြား ပေးကြပါ။ ပြည်သူတွေ လိုက်လုပ်ဖို့ မဖြစ်နိုင်ဘူး၊ ပြည်သူတွေလဲ မအားကြပါဘူးဗျာ။ Emotional မဖြစ်ဘဲ တည့်တည့်ပြောရရင် တိုင်းပြည် သိပ်နစ်နာ လာရင်တော့ တိုင်းပြည်နဲ့ သားမိုက်ကြီးကို လဲသင့် လဲရမလို ဖြစ်နေပါတယ်။ ကိုယ့်တပ်မတော် ကိုယ်ပြော ရတာတော့ မကောင်းဘူး၊ မြန်မာတွေခမျာ သူရဲမွေးမိတဲ့ ဘ၀ ရောက်နေရပြီဘဲ။
စေတနာဖြင့်၊
ကိုဂျူး
Posted by ပိတောက်မြေ at 12:03:00 AM 23 comments
Labels: ဆောင်းပါး
၁၃-၇-၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- လူမိုက်လက်သစ်လုပ်ရန် ကြံစည်နေသော စစ်အုပ်စုကို အရေးယူရန် အချိန်တန်ပြီ - ခေတ်ပြိုင် click here
- A(H1N1) ပိုးကူးစက်သူ ဒုတိယတဦး မြန်မာနိုင်ငံတွင် တွေ့ရှိ - ရိုးမ-၃ click here
- အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်နေ့)အတွက် လှုပ်ရှားမှု မြေသြဇာအဖွဲ့မှ ဆောင်ရွက်ပြုလုပ် - နစ်နေမန် click here
- နအဖ စစ်အရာရှိတစ်ဦး ကြိုးဆွဲချသေ - သျှမ်းသံတော်ဆင့် click here
- နယ်စပ်ခြံစည်းရိုးကာရံမှု မိုင် ၄၀ ပြီးစီးပြီးနောက် ခေတ္တရပ်နား - နိရဉ္စရာ click here
- နအဖဗိုလ်ချုပ်ကြီးများ၏ သားသမီးများနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများအကြောင်း တစေ့တစောင်း - နစ်နေမန်း click here
- ငရုတ်သီးမှုန့်၊ ငါးပိနှင့် ငါးပိထောင်းများတွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးတွေ့ရှိ - ခေတ်ပြိုင် click here
- မျောက်ရော လူများမှာပါ တီဘီရောဂါ ကူးစက်ပျံ့နှံ့ - ခေတ်ပြိုင် click here
- ပျောက်ဆုံးကလေးငယ် ၁၃ ဦး ကလေးစစ်သား ဖြစ်ဖွယ်ရှိ - မဇ္ဈိမ click here
- နျူကလီးယားစွမ်းအင် ဘေးကင်းစွာသုံးနိုင်ရေး အပိုင်း ၄ - ဗွီအိုအေ click here
- နျူကလီးယားစွမ်းအင် ဘေးကင်းစွာသုံးနိုင်ရေး အပိုင်း ၃ - ဗွီအိုအေ click here
- ရထားလမ်းခိုင်မာမှုမရှိသဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင် - နိရဉ္စရာ click here
- အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများ စိတ်ညစ်နေရ - ရိုးမ-၃ click here
Posted by ပိတောက်မြေ at 12:01:00 AM 0 comments
Labels: သတင်း
Sunday, July 12, 2009
၁၂-၇-၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- မြန်မာ-မြောက်ကိုရီးယား လက်နက်အရောင်းအဝယ် မလေးရှားဘဏ်နှင့် ပတ်သက် - မိုးသီးဇွန် click here
- ဒေါ်စုကြည်တရားရုံးချိန်း ဇူလိုင် ၂၄ သို့ ထပ်မံချိန်းဆို - မိုးမခ click here
- ပြည်သူလူထု ထမင်းငတ်သည်မှာ အရေးမဟုတ်ဟု တိုင်းမှူးသောင်းအေး ဆို - နိရဉ္စရာ click here
- မစ္စတာဘန်ကီမွန်းခရီးစဉ် လုံခြုံရေးကောင်စီမှာ ရှင်းလင်းမည် - အာရ်အက်ဖ်အေ click here
- ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများပျံ့နှံ့ - မဇ္စျိမ click here
- MRP ခွဲထွက်အဖွဲ့ အစည်းအဝေးတက်ရန် နယ်စပ်သို့ တက်လာချိန်တွင် တိုက်ခိုက်ခံရ - လွတ်လပ်သောမွန်သတင်းအေဂျင်စီ click here
- ကေအန်ယူကို လက်နက်ကြီးဖြင့် ဒီကေဘီအေ ပစ်ခတ်ခြောက်လှန့် - လွတ်လပ်သောမွန်သတင်းအေဂျင်စီ click here
- စပါးစိုက်တောင်သူများကို ကျေးရွာဥက္ကဌ ငွေပိုကောက်ခံနေ - အာရ်အက်ဖ်အေ click here
- မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စာရင်းအင်းများကို လေ့လာသုံးသပ်ခြင်း - မဇ္စျိမ click here
- ဖားကန့်မြေပြိုမှုနောက်ပိုင်း ရောဂါဘယဖြစ်မှာ စိုးရိမ်နေကြ - ဗွီအိုအေ click here
- ကြောက်မွှေးပါ ဇာဂနာနဲ့နှုတ် - ၂ - မိုးမခ click here
- တစ်ချက်ခုတ် နှစ်ချက်ပြတ် - မိုးမခ click here
- တရာတန်ဇာတ်လမ်း - မိုးမခ click here
Posted by ပိတောက်မြေ at 12:01:00 AM 2 comments
Labels: သတင်း
Saturday, July 11, 2009
၁၁-၇-၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- စစ်ကားတိမ်းမှောက်၍ စစ်သား ၂ ဦးသေ ၄ဦး ဒဏ်ရာရ - နိရဉ္စရာ click here
- မော်လမြိုင်ကလေးအထူးကုဆေးရုံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြား - လွတ်လပ်သောမွန်သတင်းအေဂျင်စီ click here
- ဆီသည်မလက်သုတ်ဝတ် ဖြစ်နေရသည့် လူထုခေါင်းဆောင်၏ နှုတ်ထွက်စကားတခွန်း (ဆောင်းပါး) - ခေတ်ပြိုင် click here
- ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် (၁၇) ရုံးချိန်း - မဇ္စျိမ click here
- ဝီလျံယက်တော ရှေ့နေ၏ လျှောက်လဲချက် (အင်တာဗျူး) - ဧရာဝတီ click here
- မုဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ကျောင်းတက်သူဦးရေ ထက်ဝက်ခန့်လျော့ကျ - ခေတ်ပြိုင် click here
- မြန်မာငွေဈေးကျသဖြင့် မြန်မာဆန်အဝယ်လိုက် - ခေတ်ပြိုင် click here
- ယခုနှစ် ပညာသင်နှစ် (၇)လသာ ရှိမည်ဟု နအဖဝန်ကြီး ပြောကြား - ခေတ်ပြိုင် click here
- လေယာဉ်မဆင်းနိုင်၍ ထောင်ဝင်စာမတွေ့နိုင် - ခေတ်ပြိုင် click here
- မြန်မာအလုပ်သမားများ နိုင်ငံသားစိစစ်ရန် မဖြစ်နိုင်ကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ပြော - ခေတ်ပြိုင် click here
- ကရင်အပစ်ရပ်အဖွဲ့နှစ်ဖွဲ့ ကေအန်ယူထံ လာရောက်ပူးပေါင်း - ခေတ်ပြိုင် click here
- ကျောက်ကုန်သည်များ ကူမင်းသို့ သွားရောင်း - မဇ္စျိမ click here
- ပုဇွန်လုပ်ငန်းမှ ဆားငန်ရေများ ဝင်ရောက်သဖြင့် လယ်မြေပျက်စီး - မဇ္စျိမ click here
- ဟောင်သရောခေါင်းဆောင်ကို ဖမ်းဆီးတာမဟုတ်ဟု KNU ငြင်းဆို - မဇ္စျိမ click here
Posted by ပိတောက်မြေ at 12:01:00 AM 0 comments
Labels: သတင်း
Friday, July 10, 2009
နိုင်ငံရေးသမားနှင့် စာနယ်ဇင်း
ဇွန်လ (၂၅) ရက်နေ့ထုတ်၊ Popular New Journal၊ မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသ ဆောင်းပါးဖြစ်ပါတယ်။ စာနယ်ဇင်း သမားများဟာ မိမိချစ်တဲ့ သူရဲ့ ကောင်းကွက် သာမက အားနည်းချက် ချို့ယွင်းချက် ကိုပါ ရေးသား ထောက်ပြနိုင်ဖို့ လိုတယ်ဆိုတဲ့ စာနယ်ဇင်း များရဲ့ တန်ဖိုးကို ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေး ဘက်နှစ်ဘက် လုံးက မီဒီယာများနဲ့ နှိုင်းယှဉ် သုံးသပ်နိုင်ဖို့ ဝေမျှ ပေးလိုက်ပါတယ်။ )
သမ္မတလောင်း မဲဆွယ်ပွဲ တွေမှာ သတင်း လိုက်ကြတဲ့ သတင်းထောက် တွေရဲ့ အဓိက အလုပ်ဟာ သမ္မတလောင်း များရဲ့ ပုဂ္ဂိုလ်ရေး မှတ်တမ်း တွေကို တူးဆွ ဖော်ထုတ်ဖို့ရယ်၊ လူသားတွေ အနေနဲ့ ရှိနိုင်တဲ့ သူတို့ရဲ့ အပြစ် အနာအဆာ တွေကို သူတို့ကို မဲဆန္ဒ ပေးမယ့် ပြည်သူတွေ သိအောင် ရှာဖွေ တင်ပြဖို့ရယ်ပဲ ဖြစ်တယ်။ သူတို့ထဲက နိုင်တဲ့သူ ဘဲဥပုံ ရုံးခန်း ရောက်သွားရင် သည့်ထက်မက ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝေဖန် ထောက်ပြဦးမှာ ဖြစ်တယ်။ ( Newsweek 2008 Feb)
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အကြိုကာလ တုန်းက နယူးစ်ဝိခ် သတင်း မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကောက်နုတ်ချက် စာသားလေး ဖြစ်ပါတယ်။ ကျွန်တော် ကြိုက်လွန်းလို့ ကူးရေးထားတာပါ။
စာနယ်ဇင်းရဲ့ အလုပ်ဟာ ဘာလဲ။ မဲဆန္ဒရှင် ပြည်သူတွေကို သူတို့ မဲပေးရမယ့် ယှဉ်ပြိုင် အရွေးခံသူတွေ အကြောင်း တူးဆွ ဖော်ထုတ် သတင်းပေးရမှာ စာနယ်ဇင်းသမား တာဝန်ပဲပေါ့။ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ ကတော့ မိမိ ဘယ်လောက် တော်ကြောင်း၊ ကောင်းကြောင်း တွေကိုပဲ သတင်းလွှင့်မှာ ဖြစ်တယ်။ ဘယ် နိုင်ငံရေးသမား ကမှ မိမိ ဘယ်လောက် ညံ့ခဲ့ပါတယ်၊ မဟုတ်တာတွေ ဘယ်ရွေ့ ဘယ်မျှ လုပ်ခဲ့ပါတယ် လို့ ဖော်ပြောမလဲ။ မဟုတ်တာတွေ လုပ်ခဲ့ရင်တောင် ဖုံးဖိ ပိတ်ဆို့ ထားမှာပေါ့။
မဲဆန္ဒရှင် ပြည်သူတွေရဲ့ အဓိက တာဝန်က ထိုက်ထိုက်တန်တန် လူကောင်း သူကောင်းကို မဲပေး ရွေးချယ်ဖို့ ပါပဲ။ တစ်ချိန်တည်းမှာ လူဆိုး လူညံ့ကို မရွေးချယ် မိဖို့လည်း အထူး အရေးကြီး ပါတယ်။
အဲသလို မဲဆန္ဒရှင် ပြည်သူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် ` ဘယ်သူဟာ ဘယ်လိုလူ´ ဆိုတာကို စာနယ်ဇင်း တွေက စူးစမ်း ရှာဖွေ တင်ပြရပါတယ်။ တင်ပြတဲ့ နေရာမှာ ဓမ္မဓိဋ္ဌာန် ကျဖို့တော့ လိုသပေါ့။ ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အဂတိ လေးပါး မပါပဲ တင်ပြဖို့ အရေးကြီးပါတယ်။
မကောင်းတာ တွေကို ဖော်ထုတ် အရေးခံရတဲ့ ကိုယ်စားလှယ် လောင်းကတော့ အဲဒီ စာနယ်ဇင်းဟာ ဘက်လိုက် ရေးတာလို့ သေချာပေါက် စွပ်စွဲမှာပဲ။ ဖြစ်နိုင်ရင် တရားတောင် စွဲနိုင်တယ်။ ဒါကြောင့် စာနယ်ဇင်းတွေ ကလည်း မသေချာဘဲ ရေးလို့ မရဘူး။ အချက်အလက် မပိုင်ဘဲ ရေးမိရင် တရားစွဲ ခံရပြီး အမှုရှုံးရင် ဒေါ်လာ သန်းချီပြီး နစ်နာကြေး ပေးရမှာ ဖြစ်လို့ အင်မတန် ပိုင်မှ ရေးလေ့ ရှိပါတယ်။
မကင်းရာ မကင်းကြောင်းတွေပါ
စင်စစ်အားဖြင့် ဒီမိုကရေစီ စနစ် ကျင့်သုံးတဲ့ ဘယ်နိုင်ငံမှာ မဆို နိုင်ငံရေး သမားတွေနဲ့ စာနယ်ဇင်းတွေဟာ မကင်းရာ မကင်းကြောင်း တွေပါ။ စာနယ်ဇင်းတွေ ကတော့ မှန်တဲ့ဘက်က လိုက်မှာပဲ လို့ မူအရ ပြောနေပေမယ့် `ချစ်သူကို သာစေ၊ မုန်းသူကို နာစေ´ ရေးကြတာ များသပေါ့။ ဒါကြောင့် နိုင်ငံရေးသမား တွေက သူတို့ကို တည့်အောင် ပေါင်းလေ့ ရှိတယ်။ နိုင်ငံရေးသမား ဟာ တတ်နိုင် သမျှ စာနယ်ဇင်းနဲ့ ရန်မဖြစ်အောင် ကြိုးစားတယ်။ စာနယ်ဇင်းတွေ ကလည်း နိုင်ငံရေး သတင်းထူး တွေ ဦးဦးဖျားဖျား ရဖို့ နိုင်ငံရေး သမား တွေကို လိမ်လိမ်မာမာ ချဉ်းကပ် ကြရ တာပါပဲ။
၂၀၀၈ ခုနှစ်ထဲမှာ အမေရိကန် ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဖြစ်ဖို့ ယှဉ်ပြိုင် ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦးအနက် ဘာရက် အိုဘားမား ဘက်က စာနယ်ဇင်း တွေက သာသာထိုးထိုး ဘက်လိုက် တယ်လို့ ဟီလာရီ ကလင်တန်ရဲ့ လူတွေက ပြောခဲ့ ကြတာပဲ။ ဟီလာရီရဲ့ ခင်ပွန်း သမ္မတဟောင်း ဘီလ်ကလင်တန် ကိုယ်တိုင် ကတောင် မီဒီယာ တွေဟာ အိုဘားမားကို ကြော်ငြာ ပေးတာ များလွန်း တယ်လို့ စွပ်စွဲခဲ့တယ်။ ကလင်တန်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဂျေးကာဆင် ကလည်း စာနယ်ဇင်း တွေဟာ အိုဘားမား အစွဲကြီး နေကြတယ်လို့ နယူးစ်ဝိခ် မဂ္ဂဇင်းကို ထုတ်ပြော ခဲ့တယ်။
ဟီလာရီနဲ့ စာနယ်ဇင်း ဆက်ဆံရေး
တကယ်ကတော့ ဟီလာရီ ကလင်တန်ဟာ အိမ်ဖြူမှာ သမ္မတ ကတော် ဘ၀နဲ့ ရှိခဲ့စဉ် ကတည်းက စာနယ်ဇင်း တွေနဲ့ ခွာပြဲခဲ့ တာလို့ ဆိုတယ်။ ဘီလ် ကလင်တန် သမ္မတ ဖြစ်ခါစက စာနယ်ဇင်း တွေဟာ အပြောင်းအလဲ တစ်ခု အနေနဲ့ ကြိုဆိုခဲ့ကြတယ်။ ရေဂင်-ဘုရှ် (အကြီး) အတွဲနဲ့ ၁၂နှစ် ဆက်ဆံခဲ့ရတဲ့ သတင်းစာ ဆရာတွေက အဘိုးကြီး တွေကို ငြီးငွေ့နေချိန် အသက် ၄၅ နှစ်နဲ့ သမ္မတ ဖြစ်လာတဲ့ ဘီလ် ကလင်တန်ကို စိတ်ဝင်စားကြတယ်။
စစ်ပြီးခေတ် အမေရိကန် သမ္မတတွေထဲမှာ သတင်းထောက် မဂျက်ကီကို ယူထားတဲ့ ဂျွန်အက်ဖ်ကနေဒီဟာ စာနယ်ဇင်း တွေနဲ့ အဖွဲ့ အကျဆုံး ပဲလို့ အဆိုရှိတယ်။ ကနေဒီ ကလည်း သတင်းစာ ဆရာတွေ တရုန်းရုန်းနဲ့ ပြောဆို ဆက်ဆံရတာကို သဘောကျတယ်။ သတင်းထောက် တွေကလည်း ပွင့်လင်း ဖြူစင်တဲ့ ကနေဒီကို သဘောကျ ကြတယ်။ ဘီလ် ကလင်တန် ပေါ်လာတော့ ကနေဒီလို နောက်တစ်ယောက် တွေ့ပြီလို့ ထင်ခဲ့ကြပြီး ၀ိုင်းဝန်း မြှောက်စား ခဲ့ကြ သေးသတဲ့။
ကလင်တန်ဟာ သမ္မတလောင်း ဖြစ်ဖို့ ၁၉၉၁ မှာ မဲဆွယ်စဉ် ကတည်းက မိန်းကလေး တချို့နဲ့ မရှင်းမရှင်း ဖြစ်ခဲ့တာကို သတင်းထောက် တွေက သိထား ခဲ့ပေမယ့် သူ့အပေါ် ပုဂ္ဂိုလ်အရ ခင်မင်နေကြလို့ အသာ လျှိုထားခဲ့တယ် လို့ ဆိုတယ်။
ကလင်တန်ကို `တင်´ ပေးခဲ့တဲ့ အထဲ နယူးစ်ဝိခ် မဂ္ဂဇင်းလည်း ပါတယ်။ ဒီမိုကရက်တစ် ပါတီ ၁၉၉၂ ညီလာခံက သမ္မတလောင်း ဘီလ် ကလင်တန်နဲ့ ဒုသမ္မတလောင်း အယ်လ်ဂိုး အားမာန် တက်ကြွ နေတဲ့ နှစ်ယောက်တွဲ ပုံကြီးကို မျက်နှာဖုံး တင်ပြီး `သေနတ် ကလေးများ´ (Young Guns) လို့ ပုံစာ ထိုးပေးခဲ့တယ်။ နောက် မကြာခင် ကျင်းပတဲ့ ရီပတ်ဘလီကင် ပါတီ ညီလာခံ ရက်ကျတော့ ထိုစဉ်က သမ္မတ ဂျော့အိပ်ခ်ျ ဒဗလျူဘုရှ်နဲ့ သူ့ခွေး မီလီရဲ့ ပုံကို မျက်နှာဖုံးတင်ပြီး `ခွေးနေ့များ´ (Dog Days) လို့ ပုံစားထိုးခဲ့သတဲ့။
သည်လိုနဲ့ ကလင်တန် သမ္မတ ဖြစ်ခဲ့တယ်။ ဘာမှ မကြာဘူး။ စာနယ်ဇင်း တွေနဲ့ ပြဿနာ စပေါ်တယ်။ ကလင်တန်က ဇိုးဘာယတ် ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကို ရှေ့နေချုပ် ခန့်လိုက်တာက စခဲ့တာပါ။ အဲသည် အမျိုးသမီးက နိုင်ငံခြားက တရားမ၀င် ခိုးဝင် နေသူတွေကို ဒရိုင်ဘာ ခန့်တယ်။ ကလေးထိန်း နာနီများအဖြစ် ခန့်တယ်။ အဲဒါကို စာနယ်ဇင်း တွေက ရေးတော့ ကလင်တန်က မကြည်ဘူးတဲ့။
စာနယ်ဇင်းခန်းကို အိမ်ဖြူက ပ ထုတ်မလို့
ထိုစဉ်က သမ္မတကတော် အဖြစ်နေတဲ့ ဟီလာရီကလည်း စာနယ်ဇင်းသမား တွေကို အိမ်ဖြူကနေ အပြင် ထုတ်ပစ်ဖို့ ကြံစည်ခဲ့ သေးတယ်။ အိမ်ဖြူ အနောက်ခြမ်း တောင်ပံမှာရှိတဲ့ စာနယ်ဇင်း အခန်း (press room) ကို အိမ်ဖြူနဲ့ တစ်လမ်းတည်းမှာ ရှိတဲ့ ရုံးဟောင်းကြီး တစ်ခုဆီ ပြောင်းခိုင်းတယ်။ နောက်ဆုံးတော့ သတင်းထောက် တွေက ကန့်ကွက်တာနဲ့ အဲသည် စိတ်ကူးကို သူတို့ လက်လျှော့ လိုက်ကြရတယ်။
ဒါတောင် မတတ်သာ တတ်သာ လုပ်ခဲ့တာရှိသေး။ ကလင်တန်ရဲ့ ထိုအချိန်က သတင်း အတွင်းဝန် ဂျော့စတက် ဖန်နိုပိုလော့စ်က အိမ်ဖြူ သတင်းထောက် တွေရဲ့ စာနယ်ဇင်း ခန်းနဲ့ သူ့ရုံးခန်းကြီး အကြားက ယခင် အမြဲ ဖွင့်ထားတဲ့ တံခါးကို ပိတ်ပစ် လိုက်သတဲ့။ သည်တော့ သတင်းထောက် တွေက ဘာလင် တံတိုင်းကြီးလို လုပ်တာလားလို့ ထအော် ကြတယ်။ အဲသည် နောက် သတင်းထောက် တွေကို အရက်လေး ဘာလေးတိုက်ပြီး အကျွေးအမွေးနဲ့ ဧည့်ခံတာ မျိုးတော့ ရံဖန်ရံခါ ရှိရဲ့။ သို့ပေမယ့် ပြန်လည် သင့်မြတ်ရေးတော့ မဖြစ်ခဲ့ဘူးတဲ့။
လူမည်းဆို အထင်သေးသလား
၁၉၉၄ ဆောင်းတွင်းမှာ ကလင်တန် မောင်နှံရဲ့ ၀ှိုက်ဝါးတား ငွေကြေး အရှုပ်တော်ပုံ ပေါ်ပေါက် လာချိန်မှာတော့ သတင်းစာ ဆရာတွေ ကလည်း သူတို့ကို ညှာလို့ မရတော့ဘူး။ မပြေးသော် ကန်ရာရှိ သူတို့ မောင်နှံရဲ့ ငွေကြေးကိစ္စ ပါဝင် ပတ်သက် ခဲ့ပုံကို ဖော်ထုတ်ကြတယ်။ အဲသည်တုန်းက ဟီလာရီက သူဟာ ဘာသာတရား ကိုင်းရှိုင်းတဲ့ အကြောင်း ပြောတာကို နယူးယောက် တိုင်းမ် မဂ္ဂဇင်းက ‘စိန့်ဟီလာရီ’လို့ သရော် လှောင်ပြောင် ဖော်ပြခဲ့တယ်။ ဟီလာရီ အတော်ကလေး မခံမရပ်နိုင် ဖြစ်ခဲ့ရသတဲ့။
အဲသည်တုန်းက အိမ်ဖြူ သတင်းဆိုင်ရာ အကြံပေး အရာရှိ ဒေးဗစ်ဂျာဂင်က ၀ှိုက်ဝါးတား အရှုပ်တော်ပုံနဲ့ ပတ်သက်တဲ့ စာရွက် စာတမ်း တွေကို ၀ါရှင်တန်ပို့စ် သတင်းစာကို ပေးလိုက်ပါလား။ ဒါဆိုရင် မိမိတို့နဲ့ မပတ်သက်ဘူး ဆိုတာ ရှင်းလင်းပြိး ဖြစ်မှာပေါ့ လို့ တိုက်တွန်းခဲ့တယ်။ အဲသည် အကြံကို ပယ်ချလိုက်သတဲ့။
ယခင်က သမ္မတ ကလင်တန်ရဲ့ အကြံပေး အရာရှိဟောင်း (နောက်တော့ ကလင်တန် မောင်နှံကို သဲသဲမဲမဲ ဝေဖန် တိုက်ခိုက်လာသူ) ဒစ်မောရစ်က စာနယ်ဇင်းသမား တွေက သူတို့အပေါ် ရန်လို နေတာဟာ မနာလိုစိတ် ကြောင့် ဖြစ်တယ်လို့ ကလင်တန် မောင်နှံက သူ့ကို ပြောဖူးတယ်လို့ ဆိုတယ်။
“သူတို့ဟာ ကျွန်မတို့နဲ့ သက်တူ ရွယ်တူတွေ ဆိုတော့” လို့ ဟီလာရီက ပြောတယ်။ သတင်းစာ ဆရာတွေက သူတို့လင်မယား ငယ်ငယ် ရွယ်ရွယ်နဲ့ အောင်မြင် နေတာကို မရှုဆိတ်ဘူး လို့ ဆိုချင်ပုံ ရသတဲ့။
၁၉၉၅မှာ ဂျင်နရယ် ကောလင်းပါဝဲလ် သမ္မတလောင်း ဖြစ်တော့ မလိုလို သတင်းပြေးနေချိန်မှာ ဘီလ်ကလင်တန်က “လူမည်း တစ်ယောက်ကို သတင်းစာ တွေက ဘာကြောင့် အသားပေး နေရတာလဲ” လို့ ပြောဖူးကြောင်း ဒစ်မောရစ်က ပြန်ပြောတယ်။
သတင်းထောက်တွေကို မောင်းထုတ်ခဲ့သူ
ဟီလာရီအတွက် ကံ မကောင်းတာက သူ အဓိက ယှဉ်ပြိုင် ခဲ့ရတဲ့ အိုဘားမားဟာ လွန်ခဲ့တဲ့ ၁၆နှစ် တုန်းက သူ့ခင်ပွန်း ဘီလ်ကလင်တန်လို ‘စန်းထ’ နေခြင်း ပါပဲတဲ့။ ဟိုတုန်းက ကလင်တန်ကို သတင်းထောက် တွေက ၀ိုင်းဝိုင်းလည် နေသလို အိုဘားမား ကိုလည်း ထောင်စုနှစ် မျိုးဆက် လူငယ် သတင်းထောက်တွေ ၀ိုင်းနေကြတယ်။ အိုဘားမား သွားလေရာ သတင်းထောက်တွေ လေယာဉ် စင်းလုံးပြည့် လိုက်ပါ နေကြတာ အားရစရာ ပဲတဲ့။
သည်တော့မှ ဟီလာရီ ကလည်း အားကျမခံ သူ့မဲဆွယ် ခရီးတွေမှာ လိုက်ပါ သတင်းယူတဲ့ သတင်းထောက် တွေကို လေယာဉ်ပေါ်မှာ သွားရောက် နှုတ်ဆက် စကားစမြည် ပြော အူလှိုက် သည်းလှိုက် ရယ်မော ပြတာတွေ လုပ်ခဲ့သေးတယ်။ သို့ပေမယ့် စောစော ပိုင်းက ပြည်နယ် အခြေခံ ဆန္ဒပေးပွဲ တချို့်မှာ ဟီလာရီရဲ့ လူတွေက သတင်းထောက် တွေကို ဟီလာရီအနား မကပ်နိုင်အောင် တိရစ္ဆာန် တွေကို မောင်းထုတ်သလို မောင်းထုတ် ခဲ့ဖူးတော့ သတင်းထောက် တွေကလည်း အဲသည် အတွေ့အကြုံကို မမေ့ဘူးတဲ့။
ရင်ကြားစေ့တတ်တဲ့ အိုဘားမား
အိုဘားမား သမ္မတ ဖြစ်လာတော့ ဟီလာရီကို နိုင်ငံခြားရေး ၀န်ကြီးခန့်တယ်။ ဒါဟာ အိုဘားမား ဘယ်လောက် သဘောထား ကြီးတယ် ဆိုတာ ပြလိုက်တာ ပါပဲ။ သူတို့နှစ်ယောက် သမ္မတလောင်း ဖြစ်ဖို့ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့စဉ်က ဟီလာရီ တင်မက သူမရဲ့ ခင်ပွန်း ဘီလ်ကလင်တန် ကပါ သူ့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ အထိ လုပ်ခဲ့တာ တွေကို သူက သင်ပုန်းချေနိုင် ခဲ့ပေတယ်။
ဟီလာရီကို နိုင်ငံခြားရေး ၀န်ကြီးရာထူး ပေးလိုက်ခြင်းဖြင့် ဒီမိုကရက်တစ် ပါတီတွင်းမှာ ဟီလာရီကို ထောက်ခံခဲ့ သူတွေ ကလည်း ကျေနပ်သွားတယ်။ ဘာကြောင့်လဲဆို အမေရိကန် အစိုးရစနစ်မှာ နိုင်ငံခြားရေးဟာ သမ္မတ၊ ဒုသမ္မတ တို့ပြီးရင် နံပါတ် (၃)ပဲ၊ တစ်ခါတလေ ဒုသမ္မ ထက်တောင် ပိုပြီး အရေးပါတက်သေးတယ်။ ဟီလာရီ ကလင်တန်ဟာ နိုင်ငံခြားရေးဝန်ကြီး ဘ၀မှာတော့ သတင်းစာဆရာ တွေနဲ့ ကောင်းကောင်း ပေါင်းသင်းတတ် နေပြီလို့ ဆိုပါတယ်။ ဟီလာရီ စာတတ်သွားပြီလို့ ဆိုရမှာပါ။
စင်စစ်အားဖြင့် ‘ရေမြင့် ကြာတင့်’ ဆိုသလို ဒီမိုကရေစီ အလေ့အကျင့် ထွန်းကားမှသာ မီဒီယာတွေရဲ့ အခန်းကဏ္ဍလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။
မောင်ဝံသ
Posted by ပိတောက်မြေ at 12:10:00 AM 1 comments
Labels: ဆောင်းပါး
၁၀-၇-၂၀၀၉ ရက်နေ့ မြန်မာနိုင်ငံသတင်းများ
- စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းအမွေ၊ မြန်မာ့စီးပွားရေးအခြေအနေ - (အပိုင်း ၂) - မဇ္စျိမ click here
- စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းအမွေ၊ မြန်မာ့စီးပွားရေးအခြေအနေ - (အပိုင်း ၁) - မဇ္စျိမ click here
- ၄၇ နှစ်အကြာက လူသတ်ပွဲ ပြန်ပြောင်း သတိရကြ (ဗီဒီယို) - မဇ္စျိမ click here
- တောင်ပိုင်း ဝ တပ်ဖွဲ့ ဖဲ့ထုတ်ရေး ပုံပါကျင်ဗျူဟာမှူး အာဏာကုန် တာဝန်ပေးခံရ - သျှမ်းသံတော်ဆင့် click here
- မလေးရှားအချုပ်ခန်းမှမြန်မာများ စိုးရိမ်ရ - ဧရာဝတီ click here
- ကုလအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံရပုံကို NLD ကြေညာချက်ထုတ် - အာရ်အက်ဖ်အေ click here
- ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေနိုင်ငံများ အစည်းအဝေးပြုလုပ် - အာရ်အက်ဖ်အေ click here
- မြန်မာ့နိုင်ငံရေး တိုးတက်အောင်လုပ်ဖို့ စက်မှုထိပ်သီး ၈ နိုင်ငံ တိုက်တွန်း - ဗွီအိုအေ click here
- ဒေါ်အောင်ဆန်းစုကြည်က ဘန်ကီမွန်းခရီးစဉ်အပေါ် မှတ်ချက်မပေး - မဇ္စျိမ click here
- ကေပီအက်ဖ် ဒုဗိုလ်မှူးကြီးကို ကေအန်ယူ ဖမ်းဆီးလိုက် - လွတ်လပ်သောမွန်သတင်းအေဂျင်စီ click here
- မူဆယ်က လူငယ်နှစ်ဦး ရဲပစ်သတ်၍ သေဆုံး - သျှမ်းသံတော်ဆင့် click here
- ဗိုလ်စံပြုံးကို ဘယ်သူလုပ်ကြံသလဲ - ဧရာဝတီ click here
- ရန်ကုန်တွင် H1N1 တုပ်ကွေးရောဂါပိုးရှိသူ နောက်တဦး ထပ်တွေ့ - မိုးမခ click here
- မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသဘောထားကို အမေရိကန် ပြန်လည်သုံးသပ် - အာရ်အက်ဖ်အေ click here
Posted by ပိတောက်မြေ at 12:01:00 AM 0 comments
Labels: သတင်း
Thursday, July 9, 2009
နိုင်ငံရေးကို အချိန်တိုအတွင်း ဆွဲဆန့်ကြည့်ခြင်း
တင်ညွန့်
(ဇွန် (၂၉ ) ရက်နေ့ထုတ် The Voice ဂျာနယ်မှာ ဖော်ပြထားတဲ့ ( ဦး) တင်ညွန့်ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အခြေခံ ဥပဒေပါ အခွင့်အရေးများ အရ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရမယ့် အခြေအနေကို နိုင်ငံတကာ အခြေအနေနဲ့ ယှဉ်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ )
၂၀၁၀ အား နိုင်ငံရေး စိတ်ဝင်စားသည် ဖြစ်စေ စိတ်မ၀င်စားသည် ဖြစ်စေ မျှော်လင့် စောင့်စားကြမည် ထင်သည်။ မျှော်လင့် စောင့်စား သင့်သော ပြည်သူ့ တာဝန် ၀တ္တရား တစ်ခုလည်း ဖြစ်သည်။ နိုင်ငံရေးကို ပြည်သူတို့ ပါဝင်ခွင့် ရကြတော့မည်။ နိုင်ငံရေး အတွက် လှုပ်ရှားခွင့် ရတော့မည် ဆိုလျှင် Political Campaingn ကို ကျွန်တော်တို့ မလွဲမသွေ လုပ်ဆောင်ကြရ လိမ့်မည်။ Campaingn အတွက် ကျွန်တော်တို့ အသင့် ဖြစ်နေပြီလား၊ အသင့် ဖြစ်နိုင်မည့် အနေအထားတွင် ရှိနေပြီလား။
Campaingnကို မြန်မာအဘိဓာန်တွင် ‘တိုက်ပွဲဝင်ခြင်း’၊ ‘လှုံ့ဆော်ခြင်း’ ဟူ၍ အနက် ဖွင့်ဆိုထားသည်။ သို့ဖြစ်ရာ Political Campaingn ဆိုသည်ကို နိုင်ငံရေး တိုက်ပွဲဟူ၍ သုံးရမည်လား။ နိုင်ငံရေး လှုံ့ဆော်ပွဲ ဟူ၍ သုံးရမည်လား မဆိုနိုင်။ သို့သော် နိုင်ငံရေး လှုပ်ရှားမှု တစ်ခုကို လုပ်ဆောင်နိုင်ရန် အတွက် ကျွန်တော်တို့တွင် အသင့် ဖြစ်နေပြီလား။ နိုင်ငံရေး လှုပ်ရှားမှုကို မည်သို့ လုပ်ဆောင်ကြကြောင်း အသိတွေ ရှိနေကြပြီလား။
Political Campaingn ကို စွယ်စုံကျမ်း တစ်စောင်တွင် ‘တရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခု အနေဖြင့် နိုင်ငံတော် အတွင်း နိုင်ငံရေး ဦးဆောင်မှုကို ရရှိနိုင်ရေး အတွက် ကြိုးပမ်း အားထုတ်ခြင်း’ ဟူ၍ ဖွင့်ဆိုထားပါသည်။ ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံရေး လှုပ်ရှားမှုကို ရွေးကောက်ပွဲ အတွက် စည်းရုံး လှုပ်ရှားမှုမှသည် ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ကြလေ့ ရှိသည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အဆုံးအဖြတ် ပြုလေ့ ရှိကြသည်။ နိုင်ငံရေး လှုပ်ရှားမှု ပြုခြင်းဆိုသည်မှာ နိုင်ငံရေးထဲသို့ ၀င်လာမည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ် အနေဖြင့် မိမိ၏ သဘောထား၊ ပါတီအဖွဲ့အစည်း၏ သဘောထားတို့ကို ပြည်သူသို့ ဖော်ထုတ် ပြသခြင်းလည်း ဖြစ်သည်။
နိုင်ငံရေး လုပ်လျှင် မဲဆန္ဒရှင်များသို့ မိမိတို့ အာဘော် (Message)ကို ဖော်ထုတ် ပြောဆိုနိုင်ရမည်။ အာဘော် ဆိုသည်မှာ မိမိတို့ ပါတီ၏ မူဝါဒနှင့် သဘောထားတို့ကို ထုတ်ပြန်ခြင်းအား ဆိုလိုသည်။ မိမိပါတီ သဘောကို ထုတ်ပြန်ရာတွင် အတိုဆုံး၊ အထိရောက်ဆုံးနှင့် အကောင်းဆုံးကို မဲဆန္ဒရှင်များအား ချပြနိုင်ရမည်။ ရွေးကောက်ပွဲ သဘောတရားအရ အတိုက်အခံ ပါတီများကလည်း မိမိတို့ သဘောထားများကို တန်ပြန် တိုက်ခိုက်တတ်သည့် Off-Massageများ ထုတ်ပြန်နိုင်သည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချက်များ ဖြစ်နိုင်သကဲ့သို့ ပါတီ ပေါ်လစီအား တိုက်ရိုက် ထိခိုက်နိုင်သည့် ဝေဖန် ထိုးနှက်ချက်များလည်း ဖြစ်နိုင်ပါသည်။ သို့သော် ကိုယ့်ပါတီ ကိုယ့်သဘောထားတို့အား အများကြိုက် ဖြစ်ရန် ဖန်တီး နိုင်ရေးကတော့ အရေးကြီးသည်။ အမြင် ကျဉ်းမြောင်းလွန်းသည့် Massage သည် ပြည်သူတို့နှင့် မိမိပါတီ သို့မဟုတ် မိမိကို ကင်းကွာ သွားစေနိုင်သည့် အချက်လည်း ဖြစ်သွား စေနိုင်သည်။ မိမိ အကြောင်း အသေးစိတ် ရှင်းပြ လွန်းလျှင်လည်း လူစိတ်ဝင်စားမှု နည်းသွားနိုင်သည်။ ဥပမာ- ၂၀၀၈ ခုနှစ်၊ အမေရိကန် ရွေးကောက်ပွဲတွင် ဂျွန်မက်ကိန်းသည် သူမည်မျှ မျိုးချစ် စိတ်ဓာတ် ရှိကြောင်း၊ နိုင်ငံရေး အတွေ့အကြုံ မည်မျှ ရှိကြောင်းတို့ကို ပြောလွန်းသဖြင့် နောက်ပိုင်းတွင် သူ့စကားများသည် လိုရင်းသို့ မရောက် နိုင်ငံရေး ရှေးရိုးစွဲ ၀ါဒီ တစ်ယောက် အဖြစ် အမ်