အ၀ိဝါဒံ ခေမတော ဆွေးနွေးညှိနှိုင်း သဘောတူခြင်းသည် ငြိမ်းချမ်းခြင်းသို့သာ ဦးတည်၏။

Wednesday, July 15, 2009

လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ

ဒဂုံသား

ဘန်ကီမွန်းက မြန်မာနိုင်ငံခရီးစဉ် အတွင်းတွင် လည်းကောင်း၊ လုံခြုံရေး ကောင်စီကို တင်ပြရာတွင် လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ယုံကြည် စိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီး ပေးဖို့ လိုတယ်ဟု ပြောခဲ့သည်။ လိုအပ်သည့် အခြေအနေ ဆိုသည်ကိုမူ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခွင့်နှင့် ချိတ်ဆက် ပြောကြားနေသည်ကို သတိပြုမိသည်။ တကယ်တော့ အခြားနိုင်ငံရေး အကျဉ်းသားများ ပင်လျှင် အရေးပါလှသည် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပါဝင်နိုင်ရေးသာ အဓိက ဖြစ်နေသည်ဟု သုံးသပ်မိသည်။

ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးသည် အမှန် တကယ် လိုအပ်သော အချက် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မပါလျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်ဆိုသော အယူအဆကိုမူ ဘ၀င်မကျပါ။ သာဓကပြရလျှင် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင် ခွင့်မရခဲ့ပါ။ သို့သော် ပြည်တွင်း၊ ပြည်ပက လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ အဖြစ် အသိအမှတ် ပြုခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ထိုသို့ အသိအမှတ် ပြုသနည်း။ ရွေးကောက်ပွဲ ဥပဒေများ၊ လုပ်နည်းများ ကြောင့်လော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခြင်း ကြောင့်လော။ ရွေးကောက်ပွဲ ဥပဒေများကြောင့် ဆိုလျှင် ယခု အစိုးရက ထုတ်ပြန်ရန် ရှိသည့် နိုင်ငံရေး ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများ ပေါ်ထွက်လာသည် အထိ စောင့်ပြီးမှ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်၊ မဖြစ်နိုင် ပြောရပေလိမ့်မည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရသောကြောင့် ဆိုလျှင်မူ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး ၀င်ပြိုင်သည့်တိုင် ရွေးကောက်ပွဲတွင် အများစုမရခဲ့လျှင် လွတ်လပ်ပြီး တရားမျှတသည်ဟု မဆိုတော့ ပြီလောဟု မေးရန်ရှိသည်။

ထပ်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံခွင့် ရှိမရှိဆိုသော အချက်သည် သူမ၏ ပုဂ္ဂလိက အခြေအနေသာ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကပင် နိုင်ငံခြားအစိုးရ၏ သစ္စာခံဖြစ်သူ၊ လက်အောက်ခံဖြစ်သူ၊ နိုင်ငံသား ဖြစ်သူ၊ ဒါမှမဟုတ် လက်အောက်ခံ သို့မဟုတ် နိုင်ငံသား တစ်ဦးရတဲ့ အခွင့်အရေးကို ခံစားနေသူကို ယှဉ်ပြိုင်ခွင့် မပေးရန် အခြေခံ ဥပဒေတွင် ထည့်သွင်းဖို့ အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ( ၄၇ ဥပဒေ၊ ပုဒ်မ ၇၄) ၊ လမ်းစဉ် ပါတီခေတ် ၇၄ အခြေခံ ဥပဒေတွင်လည်း ထိုအချက်ပါခဲ့သည်။ ၉၀ ရွေးကောက်ပွဲ ဥပဒေတွင်လည်း ထိုအချက်ပါခဲ့သည်။ ၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံပိုင်ခွင့် မရခြင်းသည် ပြိုင်ဖက် တစည အမတ်လောင်းက ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားခြင်း၊ ဗြိတိန်နိုင်ငံတွင် အခွန်ဆောင်ခြင်း တို့ကြောင့် နိုင်ငံခြား အစိုးရ တစ်ရပ်၏ နိုင်ငံသားတစ်ဦး ခံစားနေသော ခံစားခွင့်များ ရနေကြောင်း ထောက်ပြ ကန့်ကွက်ခဲ့သဖြင့် ရွေးချယ်ခံခွင့် မရခဲ့ခြင်း ဖြစ်သည်ဟုသာ ဒဂုံသား နားလည်မိပါသည်။ အခုပြောနေကြသည့် နိုင်ငံခြားသားနှင့် လက်ထပ်ထားသဖြင့် ရွေးချယ်ခံခွင့် မရှိခြင်းဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူများ ဂရုဏာသက်စေရန် အတွက် လှည့်ဖျား ပြောဆိုနေမှုသာ ဖြစ်သည်။ လမ်းစဉ်ပါတီခေတ်က စက်မှု ၀န်ကြီးလုပ်ခဲ့သူ ဗိုလ်မှူးကြီး မောင်ချိုသည် ဂျာမန်အမျိုးသမီးကို လက်ထပ်ထားသူ ဖြစ်သည်။ သို့သော် ဗိုလ်မှူးကြီး မောင်ချိုသည် မြန်မာနိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်၊ မြန်မာနိုင်ငံတွင် အခွန်ဆောင်နေသူ ဖြစ်သောကြောင့် အရွေးချယ်ခံခွင့်ရှိပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်ကို လေ့လာ တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သာ ဗြိတိသျှ နိုင်ငံကူး လက်မှတ်ကို မကိုင်ဆောင်ခဲ့လျှင်၊ ဗြိတိန်နိုင်ငံတွင် အခွန်မဆောင်ပဲ မြန်မာ သံရုံးတွင်သာ အခွန်ဆောင်ခဲ့လျှင် ထိုကဲ့သို့ ဖြစ်စရာ အကြောင်းမရှိပေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နိုင်ငံခြားသားကို လက်ထပ်မိခြင်းကြောင့် အစိုးရက ရမယ်ရှာပြီး ရွေးကောက်ပွဲ ၀င်ခွင့်မပြုဟု ပြောခြင်းမှာမူ ပြည်သူကို နားလှည့် ပါးရိုက်ရန် ကြိုးစားခြင်း သက်သက်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံခွင့် ရရန်အတွက် ထိုအချက်ကို ပြင်ရမည် ဆိုသည်မှာလည်း သဘာဝမကျ။ မြန်မာ လူမျိုးများထဲတွင် အခြားနိုင်ငံတစ်ခု၏ နိုင်ငံကူး လက်မှတ် ကိုင်ထားသူ၊ အခြား နိုင်ငံသား ခံယူထားသူ အများကြီးရှိသည်။ ကောင်းသူလည်း ရှိမည်။ လူဆိုးလူညစ်တွေလည်း ပါမည်။ လူတစ်ဦး အခွင့်အရေးအတွက် ထိုလူတွေကိုပါ ရွေးချယ်ခံခွင့် ပေးရမည် ဆိုသည်မှာ သဘာဝကျမကျ ချင့်ချိန်ကြပါကုန်။

နောက်ထပ် စဉ်းစားသင့်သည့် အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ အခြေအနေ ဖြစ်သည်။ ယနေ့အချိန်တွင် သူမ မည်သည့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည်ကို ကျွန်တော်တို့မသိပါ။ မည်သည့် နိုင်ငံတွင် အခွန်ဆောင် နေသည်ကို မသိပါ။ အခြားနိုင်ငံ အစိုးရများ၊ အဖွဲ့အစည်းများက ပေးထားသော ငွေကြေးများကို သူမမည်ကဲ့သို့ ထားရှိ သုံးစွဲနေသည်ကို မသိပါ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်မည်ဆိုလျှင် ထိုအချက်များကို သူမဖြေရှင်း ရပေလိမ့်မည်။ သူမသည် အခြားနိုင်ငံ အစိုးရ တစ်ခု၏ နိုင်ငံသား မဟုတ်ကြောင်း၊ ပြည်ပ အဖွဲ့အစည်းများက ပေးအပ်သော ငွေများကို လက်ခံသုံးစွဲမှု မရှိကြောင်း သက်သေ ထူရပါလိမ့်မည်။ ထိုအခါ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ပါမည်။ ထိုကဲ့သို့ ဥပဒေနှင့် အညီဆုံးဖြတ်ချက်ကို အားလုံးက လက်ခံရမည်သာ ဖြစ်သည်။

ရွေးကောက်ပွဲတွင် မြန်မာ့နိုင်ငံရေး၌ ပါဝင် ပတ်သက်နေသူ အားလုံး ပါဝင်သင့်သည် ဆိုသည်မှာ အခြေခံ အယူအဆအားဖြင့် မှန်ပါသည်။ သို့သော် မည်သည့် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မဆို လွှတ်တော် အမတ်များ၏ အရည်အချင်း၊ ရွေးချယ် ခံပိုင်ခွင့် မရှိသူများကို သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုအခြေအနေသည်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံတူမည် မဟုတ်ပါ။ အမေရိကန်နိုင်ငံတွင်မူ ထိုအရည်အချင်းကို ပြည်ထောင်စုက မသတ်မှတ်ဘဲ ပြည်နယ် အလိုက် သတ်မှတ် ကြသဖြင့် အမျိုးမျိုး ကွဲပြားနေသည်ဟု ဖတ်ဖူးသည်။ ထိုကြောင့် ရွေးကောက်ပွဲတိုင်းတွင် ဥပဒေနှင့် မကိုက်ညီသဖြင့် ရွေးချယ်ခံ ပိုင်ခွင့်မရှိသူ ဆိုသည်မှာ ရှိစမြဲ ဖြစ်ပေမည်။ အချို့နိုင်ငံများတွင်မူ ရွေးချယ်ခံပြီးမှ အရည်အချင်း ပျက်ယွင်းကြောင်း တွေ့ရသဖြင့် ရလဒ်များ ပယ်ဖျက်ခဲ့ ရသည်လည်း ရှိသည်။ ( ဥပမာ။ ထိုင်း) ထိုကဲ့သို့ အရွေးချယ်ခံခွင့် မရှိသူများထဲတွင် ကိုယ်သိပ် ကြိုက်လို့၊ နံမည်ကြီး ပုဂ္ဂိုလ်ပါနေလို့ သူ့ကိုတော့ ခွင့်ပြုလိုက်ပါလို့ ပြောလျှင် တရားပါမည်လား။ ဘာပဲဖြစ်ဖြစ် အားလုံး ပြန်သုံးသပ်လိုက်လျှင် ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မှ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ ဖြစ်မည် ဆိုသည့် အယူအဆမှာ ကြောင်းကျိုးခိုင်လုံမှု မရှိဟုသာ ဆိုချင်သည်။ ထိုကဲ့သို့ ကြောင်းကျိုး မခိုင်လုံသည့် အချက်ကို တရားသေစွဲ နေလျှင် မြန်မာ့ နိုင်ငံရေးသည် ဘယ်တော့မှ ရှေ့ကို ရောက်တော့မည် မဟုတ်ပါ။

ဒဂုံသား

20 comments:

Thurein said...

Mr.Dagon Thar .. Pls take note.. At this moment Daw Aung San Suu Kyi is the only one who is credible, reliable and capable to lead the people. People still hoping that she is the only one can lead us. Pls do not prejudice the situation. Never let people perform and you guys still want to comment as "bad". Everybody must have right to participate in this election not only Daw Suu. And she must be allowed to campaign for her party and her people if even she is not eligible to be contested. Since she is being recognised by International community as Democracy Leader and Winner of 1990 election, you guys should not have any questions on why the people and International community keep watching on Daw Suu? Then I have a question why SPDC also treat her as Leader? You should ask SPDC how are they treating her? You guys have to admit that she is being recognised as Leader and Icon of Democracy by International and SPDC itself. Pls remember that she is being recognised as Leader should not be pin-point for you guys. Both Snr Gen Than Shwe and Daw Aung San Suu Kyi are Leader of each group and both of them are very popular in the world but just that depend on how they are popular in term of Good or bad.

Thurein said...

It'd better not to question why she is being leader. It is not questionable. Then you should ask yourself why Snr Gen Than Shwe is being leader of SPDC? He might have certain ability to lead this group and match your so-called standards that's why you guys called Snr Gen as Head of State and Leader. I can't question you why do you regard him as Leader? Likewise, those people has their own standard to call Daw Suu as Leader and regard her as Leader. Then can I ask why Gen Mg Aye is not being leader instead of Than Shwe? I feel this leadership should not be questioned. Same thing, those International community led by UN Chief regarding Daw Suu as Democracy Leader is not strange at all and not questionable. Remember people are already dedicating Daw Suu to be a Leader.

kevin said...

It is too obvious to ignore the following realities:-
(1) SPDC had 20 long years of country's Absolute Power, with 400,000 armed soldiers guarding it's interest at every corner of Burma.
(2) The country's resources and entire budget is at the disposal of the junta for 2 decades.
(3) The administrattive power, judiciary power and (legislative power as a defacto government) is absolute and unconditional at SPDC's whim.
And yet, SPDC "FAILED", time after time to CONVINCE the WORLD & the VAST MAJORITY of Burmese population that they are on the people's side...serving the interest of it's countrymen.

This is the "KEY" factor why it is suffering from ENORMOUS PRESSURE from the world community. Neither DASSK nor the NLD has to do anything to HIGHLIGHT the INCOMPETENCE & ILLEGALITY of the junta's self-inflicting MISTAKES for 20 long years.
SPDC has an option, TALK TO ALL ORGANISATIONS THAT MATTER in BURMA's POLITICS and TAKE THEIR ADVICE AS WELL.

forum said...

ဘန်ကီမွန်း မြန်မာပြည်လာတုန်းက မြန်မာပြည်သူတွေ အတွက် ပြောသွားတဲ့ မိန့်ခွန်း အလွယ်မြန်မာပြန်ကို ဒီမှာ download လုပ်ပြီး ဖတ်နိုင်ပါတယ် ။
http://www.mediafire.com/?fnsm1docic9

သတိ said...
This post has been removed by the author.
သတိ said...

အားလုံးသတိ

အင်း.. ကျွန်တော်တော့ နားမလည်ဘူးဗျ.. သမ္မတဖြစ်နိုင်တဲ့ အရည်အချင်းတွေမှာ အဲလို နိုင်ငံခြား သစ္စာမခံတို့.. နိုင်ငံခြားသား မယူရတို့.. နိုင်ငံခြားက အကျိုးခံစားခွင့် မယူရတို့.. ဘာများမှားနေလို့လဲ.. အဲလိုအရည်အချင်းတွေက မသတ်မှတ်သင့်လို့လား.. နိုင်ငံတစ်နိုင်ငံရဲ့ သမ္နတတစ်ယောက် ဖြစ်ကို ဖြစ်သင့်တာမဟုတ်ဘူးလား.. တကယ်တော့ အငြင်းပွားနေစရာ မဟုတ်လောက်ပါဘူးလေ..

အားလုံးသက်သာ
မောင်သတိ

Thurein said...

Yes those restrictions are some of criteria of President. But now question is " Why these restrictions are there? Did they put these restrictions in purpose? To be fair, if want to put these restrictions which is totally bar Daw Aung san Suu Kyi from participating in Presidential election then why don't they take out the option 7 in SPDC's so-called road-map which is favoring the Army? Pls be fair .. Putting too much restrictions on opposition and taking advantage and favouring Army is not fair at all. Take note unfairness is very obvious .. Very one sided .. Pls look at your side first if you to blame others ..

Kan said...

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်ခိုင်းတာဘယ်သူလည်း
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိနိုင်ပါတယ်။ ထိုအတူ NLD အနေနဲ့ ကော နိုင်ငံရေးလုပ်နေသောသူတွေကော
သိပါတယ်။ ဘာလည်းဆိုတော့ ထိပ်တိုက်တွေ့ ဆုံခြင်းနဲ့ ချိုးဖောက်ခြင်းဆိုတဲ့ မှုကိုကိုင်စွဲချင်လို့ ပါ။
ဒါကိုအတင်းဇွတ်ခံပြောရင် ရတယ်ပြော၊ ဘာကြောင့်လည်းဆိုတာကို သေသေချာချာပြော၊ ၁၉၄၇ နဲ့ပြော ၁၉၇၄ နဲ့ ပြော
ရတယ်။ သောက်ရမ်းတွေ မထောင်နဲ့ 
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှားတစ်ခုကို အမျိုးရဲ့ သမိုင်း၊ အဖေရဲ့ သမိုင်းကိုတွန်းလှန်ရဲတယ်ဆိုရင်လုပ်ပေါ့
စကားတွေဝှေလည်ကြောင်ပတ်ပြောစရာမလိုပါဘူး။
ဒီအတွက် အရင်ဆုံးကန့် ကွက်မဲ့သူတွေအများကြီးဆိုတာသိထားပေးပါ
နောက်တစ်ခု ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူလုပ်ရပ်မှား ( နိုင်ငံအပေါ်ထားခဲ့တဲ့ဖခင်ရဲ့ နိုင်ငံရေး သမိုင်းကို)
ကို အိမ်ထောင်တစ်ခုနဲ့ လှဲခဲ့ပြီးသားမို့ သူလုပ်ပေးနိုင်တယ်ဆိုတဲ့ တိုင်းပြည်အတွက်အမြင့်ဆုံတနေရာကတော့
နိုင်ငံရဲ့ ဦးဆောင်မှုအကြောင်းအရာတိုင်းမှာအကြံပေးဆိုသော ဂုဏ်ပုဒ်တစ်ခုကလွဲပြီး ဘာမှမရှိပါ၊ ဘာမှ ဒီထက်ပိုသော
နိုင်ငံရဲ့ ခေါင်းဆောင်၊ အကြီးအကဲနဲ့ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ရခြင်းဆိုတဲ့ နေရာမျိုးကို မရှိဘူးဆိုတာကို
သိပေးထားစေချင်တယ်။ ဒါဟာအနာဂတ်သမိုင်းအတွက်အလွန်ကောင်းသော အလွန်အဓိပ္ပါယ်ပြည့်ဝသောသူမရဲ့ 
နိုင်ငံအပေါ်ကိုချစ်တဲ့စိတ်နဲ့ နိုင်ငံအတွက် ပြန်လည်လုပ်ကိုင်ပေးသော စိတ်ကောင်းစေတနာတို့ ကို အလွန်ပေါ်လွင်
စေသောအခန်းထောင့်တနေရာဖြစ်သည်လို့ မြင်ပါသည်။

မည်သည့်ပုဂ္ဂိုလ်ရေး နဲ့ မနာလိုစကားမဟုတ်ပါ၊ Principle ကိုသာလျှင်ကြည့်ပြီးပြောဆိုခြင်းဖြစ်ပါသည်။

forum said...

အင်္ဂလိပ်ခေတ်က ကုလားအမတ်၊ တရုတ်အမတ်၊ ဘိုအမတ်၊ နိုင်ငံခြားသား ကုန်သည်ကြီများ ကိုယ်စားလှယ်အမတ် ဆိုတာမျိုးတွေ ရှိတယ်၊ အခု လွတ်လပ်တဲ့ နိုင်ငံလွှတ်တော်မှာ အဲဒီအမတ်နေရာတွေ ဆက်မထားဘူးလို့ ဗိုလ်ချုပ်က လုပ်တာပါ၊ အဲဒီရည်ရွယ်ချက်ကို စစ်တပ် abuse လုပ်တာ ဗိုလ်ချုပ်သိရင် သူ့ စစ်တပ်ကို ဘယ်လို ပြောချင်မလဲတောင် မသိပါဘူး။
အန်ကယ် ဦးသုဝေက နိုင်ငံခြားသူ ယူထားပေမယ့် ၉၀ ရွေးကောက်ပွဲ တုန်းက ဝင်လို့ ရတာပဲ၊ စစ်သားပဲကွာ ကျားကျားလျားလျား ပွင့်ပွင့်လင်းလင်းပေါ့ ၊ ဒေါ်စု ဝင်ပြိုင်မှာ ကျွန်တော်တို့ လက်မခံဘူး ပြောပေါ့၊ ဒေါ်စု ကတော့ ပြောပါတယ် ၊ နိုင်ငံဖွဲ့စည်းပုံကို ကျမ တယောက်တည်း အတွက် ရည်ရွယ်ရေးတာမျိုး က မဖြစ်သင့်ပါဘူး၊ နိုင်ငံ အနာဂတ်ကို ထိခိုက်မှာ စိုးတယ် ပြောတယ် ။

Thurein said...

The objective of SPDC is very clear and obvious - just not to let Daw Aung San Suu Kyi be contested. If SPDC confident that their constitution is recognised by International and they want to follow this constitution then why you still want to put her in house arrest with no meaning? Just let everything goes and just follow it. Just declare the whole world as "Daw Aung San Suu Kyi is not eligible to participate in up coming elections and Daw Suu has been barred according to Constitution". Does SPDC dare to do that? Since SPDC is so confident on their so-called Constitution and really do not bother Daw Suu then what are they waiting for? Just ignore International community and declare Daw Suu has been bar from Election. Can SPDC delcare Daw Suu has been bar from Election? And why they don't officially declare she has been barred? Since you can't officially declare her as barred from election, don't talk anything here. No point. You guys have to admit and accept the facts. The facts are not deniable.

သတိ said...

အားလုံးသတိ

ကိုသူရိန်ရေ.. ရှင်းပါတယ်ဗျာ.. တပ်မတော် အစိုး၇က ဘာကြောင့် ဒေါ်စုဟာ ၀င်ပြိုင်ဖို့ အရည်အချင်းမပြည့်ပါဘူး ကြေငြာရပါမလဲခင်ဗျာ.. ဒေါ်စုက.. ပြိုင်ဖို့တောင် စာရင်းမသွင်းသေးဘူးလေ.. ကဲ.. သမ္နတလုပ်ချင်သမားတွေ.. ဒီအရည်အချင်းတွေနဲ့ ပြည့်ရင်ဝင်ပြိုင်ကြဆိုပီး ဖွဲ့စည်းပုံက သတ်မှတ်ထားပီ.. ဒီသတ်မှတ်ချက်တွေဟာ ရှိသင့်မရှိသင့် ငြင်းစရာတောင် မလိုဖူးလို့ ကျွန်တော် မှတ်ချက်တောင် ချခဲ့ပါရဲ့..

အချိန်တန်လို့ ၀င်မဲ့လူတွေ ပေါ်လာရင် အရည်အချင်းနဲ့ ကိုက်မကိုက် သက်ဆိုင်တဲ့ ကော်မတီက တရားဝင် ပြောမှာပဲ.. ခုထဲက ဘယ်သူပြိုင်လို့ မရပါဘူး ဘာညာပြောရအောင် အဲဒီလူတွေအတွက် ချိန်ပီး ရေးထားတဲ့ အချက်တွေလည်း မဟုတ်ပါဘူးဗျာ..

အချိန်တန်လို့ စာရင်းသွင်းကြဟေ့ဆိုတော့ သတ်မှတ်ချက်နဲ့ မညီတဲ့ နိုင်ငံခြားသြဇာခံသူဖြစ်ဖြစ်.. အကျိုးခံစားခွင့် ရထားသူဖြစ်ဖြစ်.. နိုင်ငံခြားနဲ့ လက်ထပ်ထားသူဖြစ်ဖြစ် ကိုယ့်အခြေအနေကိုယ်သိ ၀င်ပြိုင်ဖို့ စာရင်းမသွင်းနဲ့ပေါ့ဗျာ.. အဲမကြေငြာမှာ စိတ်တော့မပူနဲ့ဗျ.. အဲလို အရည်အချင်း မညီပဲ စာရင်းသွင်းရင်တော့ ကော်မတီက ကြေငြာပီးကို ပယ်ပါလိမ့်မယ်... စာရင်းတောင် မသွင်းရသေးဘူး မင်းဝင်မပြိုင်ပါနဲ့ လို့ ကြေငြာစရာ အကြောင်း လုံးဝမရှိပါဘူးဗျို့..

သက်သာဗျို့..
မောင်သတိ

Anti said...

Qualification and Disqualification of Members of Parliament, parliament of new South Wales

Disqualification

A person is disqualified from being a member of the Assembly or of the Council if that person—
• is a member of the other House (s 13C Constitution Act 1902),
• holds or benefits from a contract with the public service, with certain exceptions (s 13),
• holds an office of profit under the Crown or has a pension from the Crown (s 13B), or
• is a member of the Commonwealth Parliament (ss 79(7) & 81E Parliamentary Electorates and Elections Act 1912).

A member’s seat is vacated if the member—
• fails to attend the House for one entire session, unless excused (s 13A(1)(a) Constitution Act 1902),
• makes any declaration or acknowledgement of allegiance to any foreign prince or power, or does any act whereby the member may become entitled to the rights of a subject or citizen of any foreign state or power (s 13A(1)(b)). A person with dual citizenship may become a member of the Parliament of New South Wales. The provision applies in relation to persons who are already members of Parliament and subsequently takes action to obtain foreign citizenship or establishes a foreign allegiance. This differs from the provision in s. 44(i) of the Commonwealth Constitution that provides that a person is incapable of becoming a member of the Commonwealth Parliament if they are a citizen of a foreign power. In relation to the Commonwealth Parliament it has been held that the taking out of Australian citizenship, by people with dual nationality, is not enough to renounce a foreign nationality. Rather there must be some evidence that reasonable steps have been taken to renounce the foreign citizenship. See Sue v Hill (1999) 199 CLR 462. Source : http://143.119.255.92/prod/web/common.nsf/V3HomeLC

Anti said...

Constitution of Malaysia


Subject to the provisions of this Article, a person is disqualified for being a member of either House of Parliament if -

(f) he has voluntarily acquired citizenship of, or exercised rights of citizenship in, any country outside the Federation or has made a declaration of allegiance to any country outside the Federation.

See in http://www.helplinelaw.com/law/
constitution/malaysia/malaysia04c.php

aung said...

တပ်မတော်ကြီး အတွက်မှားတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် အာဏာလို့ချင်တယ်လို့ ကိုယ်နဲ့နိုင်းပြီး ထင်မိတဲ့ အချက်ဟာအဓိက ဖြစ်ပါတယ်။ ၁၉၉၀ တုန်းက လစ်တမတ် test အနေနဲ့ စမ်းကြည့်တာပါ။
ဆိုနီယာဂန္ဓီ ဟာ ဝန်ကြီးချုပ် ဖြစ်ဖို့မလိုပါဘူး။

Thurein said...

Now SPDC and its follower are the only one keep telling that she is not eligible. Since you said that don't need to announce that who is qualify or not qualify then why you guys keep telling and pin-point Daw Su's eligibility? Then participation of Daw Suu is not SPDC's business at all. Why never let Daw Suu or NLD to organise freely? The election commission will decide who is qualify or not. SPDC must do their job which is just to let all people who is going to participate in up coming elections to rally/organise/voice up/express freely. SPDC is just to make sure the election is free and fair and inclusive. SPDC has no right to decide who should or should not be contested. SPDC must make a way for all people to get involve in the election. Not to block or bar or creat their own way just to make sure they are still in power. This is not their job. SPDC must not discriminate pro or anti government. SPDC must respect the rights of freedom and justice. They can't stay above the law. The Law must not be used to be inpower and to opress their own people. Now SPDC let USDA and its follower to organise while they are blocking oppositions. Not fair.. Who is going to say it fair? Any reason to let USDA do like that? If SPDC really willingly to implement Democracy then they should start practice Democratic ways now onward. Now the way they commit and they way they do is totally oppoiste. Not forgetting the whole world is Watching you closely ...

nyi said...

နှိင်ငံခြားသစ်စာခံတွေမဟုပ်ပါ။တော်လှန်ရေးဖင်လော
သမားတွေအတွက်လာစောင့်နေတာ။
ထိုင်းနှိင်ငံ ။ထိုင်ရတ်ထိုင် ပါတီအာနာသိန်းတုန်းက..
မြန်မာနှိင်သားတွေဟာ ဒေါ်အောင်ဆန်းစုကြည်လူယုံ
တော်နှင့်ပေါင်းပြီး ကျနော့ချစ်သူကို ချစ်သူကို..။
မယားငယ်ခံဖို့ထည့်ပေးခဲ့ကြတယ် ။ ဘယ်သူဘယ်ဝါ
ဆိုတာလည်းအကုန်သူကိုမိပါတယ်။
ပိုက်ဆံ။ထိုင်းဘတ်.တဘီလီယံ။စိုးသီဟ ။ဝင်းကြည်
သူတော့အရာရှိတွေနှင့်ပေါင်းပြီး.မိဘတွေကိုအယုံ
သွင်း အ၀ိုင်း ချစ်သူလှိုင် လွမ်းသူ မငယ်တော့
ညီအစ်မ ရန်ကုန်မြို့က အုံးမော်.မင်းကိုယ်နှိင်
တော့နှင့်ပေါင်းပြီး ။ နာကဲ့မုန်းတိုင်းအတွင်းပိုက်
ဆံတရားဝင် ၇၃ ဘီလီယံတရားသင်ကြော်ညာခဲ့
ကြတယ်.ပြည်ပထောက်ပံရေးဆိုပြီး ဒေါ်အောင်
ဆန်းစုကြည်နာမည်ကြီးအောင်။ထောင်မှလွတ်
အောင်ဆိုပြီးလခွီးတွေလုပ်နေကြတယ်။
ဒီတခါဖြစ်ရင်ပစ်ခွင့်ပေးရန် ..။
ကျနော့ကို မိသားစုပါအမွေဖြတ်ခဲ့ကြတယ်..။
ဘ၀အမှောင်ရှခဲ့ကြတယ်.ထိုင်းမှာခလေးသူငယ်
တွေနှင့်ပေါင်းပြီးတယောက်ကိုတယောက် အကျင့်
ပျက်ခိုင်းနေခဲ့ကြတယ်...။နောက်ထပ်ပိုက်ဆံတွေ
အများကြီးစရင်းဖျောက်ထားကြတယ်.။
။မယားငယ်ရောင်းစားပြီး အပြစ်ကြုံတော့..
တယောက်ကိုတယောက် ဂျောက်တွန်းနေကြတယ်
ကရင် နှင့် ရခိုင်တွေ မွန်တွေပဲ ..ဒီနဲ့ထိထောင်ကြ
နေကြသူတွေအများကြီး......။
အေးလူတွေဟာဒေါ်အောင်ဆန်းစုကြည်လူယုံတွေ
ပဲ ခုလည်းဖမ်းမိထားတယ်။ စကားလုံးတိုက်နေကြ
သူတွေ ...ဘာအလုပ်မှမရှိ....။ ရွေးကောက်
ပွဲလူတွေကိုအလူးအလည်းဆွဲနေကြတယ်..။
အကုန်လုံးကို ပယ်ချနှိင်ပါတယ်....။

kevin said...

(SPDC must respect the rights of freedom and justice. They can't stay above the law. The Law must not be used to be inpower and to opress their own people. Now SPDC let USDA and its follower to organise while they are blocking oppositions. Not fair.. Who is going to say it fair? Any reason to let USDA do like that?)... TRUE.

SPDC NEVER UNDERSTANDS what is "FAIR and UNFAIR"....For 20 years, Whatever SPDC does is FAIR... but Whatever the Opposition does is Unlawful.(NLD is not even allowed to install a FAX machine let alone allowed to campaign ).

NLD led by Daw Suu is the BIG THORN for SPDC because generals know "NLD has the Legitimacy" and Daw Suu has the "TRUST+POWER to make the People Listen"....which the generals have got..."NEITHER".

SO, FOR SPDC THE ONLY WAY TO WIN IS TO CHEAT THROUGH AND THROUGH AT EVERY LEVEL.. hoping that the world community would believe them. ( Watch this space.... A Great Big Magic Show is coming to Myanmar in 2010.)

kojew said...

မောင်ဒဂုံသားပေးစာမှာ အရေးကြီးတဲ့အချက်အလက် မှားနေပါတယ်။ မောင်ဒဂုံသားက
``ဒေါ်အောင်ဆန်းစုကြည်သာ ဗြိတိသျှ နိုင်ငံကူး လက်မှတ်ကို မကိုင်ဆောင်ခဲ့လျှင်၊ ဗြိတိန်နိုင်ငံတွင် အခွန်မဆောင်ပဲ မြန်မာ သံရုံးတွင်သာ အခွန်ဆောင်ခဲ့လျှင် ထိုကဲ့သို့ ဖြစ်စရာ အကြောင်းမရှိပေ´´ လို့ရေးပါတယ်။ သက်သေရှိရင် ပြပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်တုန်းကမှ ဗြိတိန်နိုင်ငံသားမခံယူခဲ့ပါလို့ဘဲ ကြားဘူးပါတယ်။ ဗြိတိသျှနိုင်ငံကူးလက်မှတ်လဲ မကိုင်ဆောင်ခဲ့ပါ။ အခွန်ဆောင်တာကတော့ ရွေးကောက်ခံပိုင်ခွင့်နဲ့ မဆိုင်ပါဘူး။ စင်ကာပူမှာတောင် မြန်မာလူမျိုးတွေ စင်ကာပူအစိုးရကိုအခွန်ဆောင်ပြီးနေရပါတယ်။ အတိုပြောရရင် ဒေါ်စုဟာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားစစ်ဖြစ်ပါတယ်။ ၁၉၉၀တွင် ပြိုင်ဘက်တစည ကိုယ်စားလှယ်က ကန့်ကွက်ရာတွင်လဲ ဒီနိုင်ငံကူးလက်မှတ်ကိစ္စ လုံးဝမပြောပါ။ ဗြိတိန်နိုင်ငံသားနှင့်လက်ထပ်ထားသူမို့ ဗြိတိန်နိုင်ငံသားတစ်ဦးရပိုင်ခွင့်ကို သွယ်ဝိုက်ခံစားနေသူ အဖြစ်သာ စွပ်စွဲခဲ့ပါသည်။ ထို စွပ်စွဲချက်ကို ရန်ကုန်တိုင်းရွေးချယ်တင်မြှောက်ရေးကော်မရှင်က မခိုင်လုံသဖြင့် ပယ်ချပြီး ဒေါ်စုကိုအနိုင်ပေးခဲ့သော်လဲ
န၀တဥက္ကဌ၏ စွက်ဘက်မှုဖြင့် ဗဟိုရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်က တစညကိုယ်စားလှယ် ဦးလဘန်းဂရောင်ကို အယူခံတွင် အနိုင်ပေးခဲ့ပါသည်။ ဒေါ်စုက်ု သက်သက်အရွေးမခံရအောင် န၀တဥက္ကဌ အာဏာကို အလွဲသုံးခဲ့ပါသည်။

LwinMoe said...

ဒဂုံသား၏ ရမ်းတုတ်မှု ပေါ်လွင်လှပါသည်...... .....(ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားခြင်း၊ ဗြိတိန်နိုင်ငံတွင် အခွန်ဆောင်ခြင်း တို့ကြောင့် နိုင်ငံခြား အစိုးရ တစ်ရပ်၏ နိုင်ငံသားတစ်ဦး ခံစားနေသော ခံစားခွင့်များ ရနေကြောင်း ထောက်ပြ ကန့်ကွက်ခဲ့သဖြင့် ရွေးချယ်ခံခွင့် မရခဲ့ခြင်း ဖြစ်သည်ဟုသာ ဒဂုံသား နားလည်မိပါသည်။ ).....ဟုဆိုပါသည်။

”ဒဂုံသား အကြီးအကျယ် မှားနေပါသည်။”

(၁) ဒေါ်အောင်ဆန်းစုကြည် သည် ဘယ်တုံးကမျှ ဗြိတိသျှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်း မရှိခဲ့ပါ ။ အကယ်၍ ကိုင်ဆောင်ခဲ့ကြောင်း သက်သေ အထောက်အထါး စစ်အစိုးရမှ တစုံတရာရရှိခဲ့သော် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းမှ ချက်ခြင်း နှင်ထုတ်ပိုင်ခွင့် (24 hour Deportation Order) စစ်အစိုးရတွင် အပြည့်အ၀ ထုတ်ပြန်ခွင့် ရှိပါသည်။ အထောက်အထါး လုံးဝ မရှိ ရှာမတွေ. ၍သာ စစ်အစိုးရက ဒေါ်စုအား အမှုရှာပီး ယခုချိန်ထိ အကျယ်ချုပ်ချထား နေရပါသည်။ အလုပ်ရှုတ်လေစွ။

(၂) (ဗြိတိန်နိုင်ငံတွင် အခွန်ဆောင်ခြင်း တို့ကြောင့် နိုင်ငံခြား အစိုးရ တစ်ရပ်၏ နိုင်ငံသားတစ်ဦး ခံစားနေသော ခံစားခွင့်များ ရနေကြောင်း ).....”ဒဂုံသား မှားပြန်ပါသည်။”
ဗြိတိန် နိုင်ငံတွင် နေထိုင်ခွင့်ရသူ/ အလုပ်လုပ်ခွင်.ရ နေသူ မြန်မာနှင့် အခြားနိုင်ငံခြားသား မည်သူမဆို ဗြိတိန်အစိုးရသို. အခွန် ဆောင်ကြရပါသည်။ မဆောင်မနေရ ဖြစ်ပါသည်။-
နု-အက်တလီ စါချုပ်ပါ (Double Taxation Agreement) အရ UK အစိုးရသို. အခွန်ဆောင်သူသည် မြန်မာနိုင်ငံတော် သံရုံးသို.အခွန် ဆောင်ရန်မလိုပါ။

ဗိုလ်ချုပ်မောင်အေး၏ တူ/တူမ ဆရာဝန်များ၊ ဗိုလ်ချုပ်စေါမောင်၏ သမီး/သမက် ဆရာဝန်များ၊ ဒေါ်ခင်မေသန်း (ဦးနေ၀င်း)၏ သမီးနှင်.သမက် အပြင် လက်ရှိဗိုလ်ချုပ်များ၏ သားသမီးဆွေမျိုးများ UK တွင် နေထိုင်/အလုပ်လုပ်ကိုင် နေကြသဖြင့် ၄င်းဥပဒေ ကို မြန်မာစစ်အစိုးရ မသိစရာ အကြောင်းမရှိပါ။
၎င်းတို.အားလုံး မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ဗြိတိန်တွင် အချိန်ကြာမြင့်စွာ နေခွင့် ရနေကြ ပါသည်။ သို.သော် သူတို.ဗြိတိန် နိုင်ငံသားတဦး၏ ခံစါးခွင့်ကိုမူ အပြည့်အ၀မရရှိကြပါ။ (ဥပမာ UK နိုင်ငံရွေးကောက်ပွဲတွင် မဲပေးခွင့် )။
ထိုကြောင့် ဒဂုံသား သည် စစ်အစိုးရ ညန်ြကြားသည့်အတိုင်း လူအများ ထင်ယောင်ထင်မှားဖြစ်စေရန် ”ရမ်းတုတ်-လံကြုတ်”်နေခြင်းသာဖြစ်ပါသည်။

Thurein said...

In fact, the title " Free and Fair Election" would never be in practical so long as this SPDC is in power. It is very clear that SPDC is influencing in Justice system by looking at Daw Suu's trial. Government is not supposed to release any information which can misunderstand but The Judges have not even given verdict to the trial, the Government officials are briefing to reporters or those officials from Embassies that Daw Suu committed the crime. Even Deputy Defense minister was telling at the Regional Security Forum(Singapore) that Daw Suu comitted the crime. That mean he was openly admitted that the Government already known the result or Government already instructed to Judges to make her as guilty. How did they conclude on that? How can they say like that? Which mean they already known the outcome of trail or misleading the Justice system. By right, police or officials or whoever are not supposed to tell the cause before any investigation has completed. Gurantee there will not have fairness, freedom, justice and Laws so long as SPDC remain in power.