ကျော်ဆန်းမင်း
(ဇူလိုင်လ ၆ ရက်နေ့ထုတ် Voice ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်စူးစမ်းနဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ နိုင်ငံရေး စနစ် အမျိုးမျိုးကို ဖြတ်သန်းခဲ့၊ ကိုယ်တိုင်လည်း ပါဝင်ခဲ့။ ၉၀ ရွေးကောက်ပွဲမှာလည်း အရွေးခံခဲ့ရတဲ့ ဆရာ မောင်စူးစမ်းက သူ့အတွေ့ အကြုံများကို အခြေခံပြီး ပြောထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ မဟုတ်ဘဲ စာရေးဆရာ တစ်ယောက် အနေနဲ့ မျိုးဆက်သစ်များ အတွက် ရည်ရွယ် ဖြေကြားချက်များဟာ စိတ်ဝင်စားဖွယ် ကောင်းတာမို့ ဖြန့်ဝေပေး လိုက်ပါတယ်။)
Voice : ၂၀၁၀ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ အဖွဲ့အစည်း တချို့ရဲ့ လှုပ်ရှားမှုတွေ တွေ့နေရပါတယ်။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
MSS : အခုဟာက Line up မပေါ်သေးဘူး။ သူတို့က Line up ခေါ်တာပေါ့။ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ အကောင်အထည် ပေါ်လာမှာ။ အခုဟာက shadow တွေပဲ။ ရွေးကောက်ပွဲ ဥပဒေပေါ်မှ အကောင်အထည် ပေါ်လာမှာပဲ။ သို့သော်လည်း Incumbency ဆိုတာ ရှိတယ်။ ရွေးကောက်ပွဲ ဆိုတာက တခြားနိုင်ငံ တွေမှာလည်း အာဏာရပါတီနဲ့ တခြား ပြိုင်ဘက် ပါတီနဲ့ ပြိုင်တာ။ အခုဟာက Incumbency ထင်ထင် ရှားရှား မပေါ်သေးဘူး။ အကောင်အထည် နဲ့ သေသေချာချာ ပေါ်ဖို့က ရွေးကောက်ပွဲ ဥပဒေ ပေါ်လာမှ ပေါ်လာမှာ။
Voice : ရွေးကောက်ပွဲ ဥပဒေ၊ ပါတီဖွဲ့စည်းပုံ ဥပဒေတွေ၊ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တွေ မထုတ်ပြန်သေးတဲ့ အပေါ်မှာ ဆရာ့ အနေနဲ့ ဘယ်လို မြင်ပါသလဲ။
MISS : ရွေးကောက်ပွဲ ဥပဒေတို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တို့ ဆိုတာ အာဏာရ ပါတီရဲ့ ဝှက်ဖဲပဲ။ သူ့ဝှက်ဖဲ ဘယ်အချိန် ချပြမလဲ ဆိုတာ မသိသေးဘူး။ သူတို့လည်း တွက်မှာပေါ့။ ဒါက ဒီမှာတင် မဟုတ်ပါဘူး။ နိုင်ငံတိုင်းရဲ့ ရွေးကောက်ပွဲ တွေမှာ ဘယ်အချိန် ရွေးကောက်ပွဲ ကျင်းပမလဲ ဆိုတာ ဝှက်ဖဲပဲ။ အဲဒီတော့ ဒီမှာက ပုံစံကျ စဉ်းစားလို့ မရဘူး။ ပုံစံကျ Teoretically စဉ်းစားရင်တော့ ရွေးကောက်ပွဲ ဥပဒေတို့၊ ပါတီစည်းရုံးခွင့် တို့ကို ခြောက်လလောက် အချိန်ပေးတယ်။ ဒါပေမယ့် ဒီမှာက ဘယ်လောက် ပေးမယ် မသိရသေးဘူး။ ပါတီဖွဲ့ဖို့တို့ ဘာတို့ညာတို့ ဆိုတာထက် အခုဟာက အာဏာရ ပါတီ ဆိုတာ ဘယ်ပုံစံနဲ့ ပေါ်လာမလဲ မသိသေးသလို အာဏာရ အဖွဲ့အစည်းနဲ့ ပြိုင်မယ့် ပါတီတွေကလည်း ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲဆိုတာ မသိသေးဘူး။
Voice : ခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲနဲ့ ချိန်ဆကြည့်ကြတာမျိုးတွေ ကြားနေ တွေ့နေရတယ်။ ဆရာ့အနေနဲ့ကော ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
Mss : ၁၉၉၀ ရွေးကောက်ပွဲက ၁၉၈၈ ရဲ့ Response ပဲ။ ၈၈ အရေးအခင်းမှာ အာဏာ သိမ်းတော့ ဗိုလ်ချုပ်စောမောင်က ထိန်းသိမ်းရေး မိန့်ခွန်း ပြောတယ်။ ရွေးကောက်ပွဲ လုပ်ပေးမယ်။ နောက် ပါတီဖွဲ့ ပေးမယ်ပေါ့။ အဲဒီအချိန်က တပ်မတော်က ကြားနေ သက်သက်ပဲ။ တကယ်လည်း သန့်ရှင်းပါတယ်။ ကိုယ်တို့ဆို ရွာတွေ စည်းရုံးရေး ဆင်းတယ်။ ရွာတွေမှာ ဘယ်အဖွဲ့ အစည်းမှ မရှိသေးဘူး။ တို့ လှည်းကူးဘက်ရောက်တယ်။ ရောက်တော့ ရွေးကောက်ပွဲ လုပ်ပေးမယ့် Sponsor က ဘာမှ ဝင်မစွက်ဘူး။ ကြည့်ပဲ ကြည့်နေတာ။ တို့နဲ့ တ.စ.ည အပြိုင်ပေါ့။ တ.စ.ညက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ဖြစ်လဲ ဆိုတော့ ပြိုလဲပြီးကာစ ထထောင်တာ ဆိုတော့ Disadvantages ရှိတယ်။ တို့က Newly Born Force နဲ့ သွက်သွက် လက်လက် လုပ်နိုင်တော့ တို့သာသွားတယ်။ အဲဒီအချိန်မှာ ရွာတွေမှာက ဘယ်အဖွဲ့အစည်းမှ မရှိသလို တပ်ကလည်း စည်းကမ်း နည်းနည်း သတ်မှတ်တာက လွဲလို့ တားလား၊ ဆီးလား မလုပ်ဘူး။ ဟောပြောရင် လူ ၅၀ ထက် မပိုရဘူး ဆိုတာမျိုး လောက်ပဲ ရှိတာ။ အဲဒီတော့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲက တပ်က ကြားနေ သက်သက်ပဲ။ သန့်သန့် ရှင်းရှင်း လုပ်ပေးခဲ့တယ်။ နောက်ပိုင်း ရလဒ်ကတော့ တစ်ပိုင်းပေါ့။ အခုဟာက ၁၉၉၀ ပြည့်နှစ်ကနဲ့ မတူဘူး။ အခုဟာက အခြေခံဥပဒေ ပေါ်လာပြီး နောက်ပိုင်းမှ ဖြစ်လာတာ။ ခွင်သစ်၊ Player အသစ်။ ဘာဖြစ်မလဲ ဆိုတာ မသိသေးဘူး။ ၁၉၉၀ နဲ့ မတူတဲ့အတွက် နှိုင်းယှဉ်ကြည့်ရင် မှားမှာပဲ။
Voice : ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လတ်တလော အယူအဆနှစ်မျိုးထွက်နေတယ်။ သဘောထား နှစ်မျိုးပေါ့။ တစ်မျိုးက ရွေးကောက်ပွဲကို လက်ခံမယ်၊ အပြောင်းအလဲကို ဖြည်းဖြည်းချင်း ရယူမယ်ပေါ့။ နောက်တစ်မျိုးက ရာနှုန်းပြည့်မှ မရရင် လုံးဝ လက်မခံဘူးပေါ့။ ဒီအပေါ်မှာ ဆရာ့သဘောထားက။
MSS : တို့ရေးနေတဲ့ ဆောင်းပါးတွေမှာ အမြဲတမ်း ပြောနေတာ ဒါပဲ။ အစက ပြန်စမယ်ဆိုတာ စိတ်ကူးယဉ်တာ။ နိုင်ငံရေး ဆိုတာ စိတ်ကူးယဉ်လို့ မရဘူး။ လက်ရှိ Political Equation မှာ ဘယ်သူက Dictate လုပ်နေတာလဲ။ ဒါသိဖို့ လိုတယ်။ နိုင်ငံရေး သူငယ်နာမစင်တဲ့၊ ကကြီးခခွေး သမားတွေ တွေးသလို တွေးလို့ မရဘူးဆိုတာ အကောင်အထည်ကနေ စရတာ။ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ တစ်ခါလာရင် ပြန် Review လုပ်ပါလို့ UN က ကြားဝင်ပေးပါလို့ ဒါတွေပဲ။ နိုင်ငံရေးဆိုတာ Question of Force နော်။ အင်အားကို ကြည့်ရတာ။ Force တောင်မှ Institutional Force။ ကိုယ့် Capacity ကို ကိုယ်တွက်ရတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲ။ ဘယ်လောက် စည်းရုံးနိုင်မလဲ။ ဒါကို တွက်ရတာ။ Rhetoric လေကြီး၊ မိုးကြီး ပြောတာလောက်တော့ လူတိုင်းလုပ်လို့ ရတာပဲ။ နိုင်ငံရေးဆိုတာ လက်တွေ့ ကိုယ်ဘယ်လောက် စွမ်းလဲဆိုတာ ကြည့်တာ။ တပ်မတော်က Sponsor လုပ်တဲ့ Constitution ။ သူတို့လုပ်ပေးတဲ့ ရွေးကောက်ပွဲ။ ဒါက အရှိတရားပဲ။ ဒါကိုလက်ခံပြီး ဝင်ကြ လုပ်ကြရမှာပဲ။ ကိုယ့်ပုံစံနဲ့ ကိုယ့်ဟာနဲ့ လုပ်ရမှာ။ ဒီခေတ်မှာ စိတ်ကူးယဉ်လို့ မရဘူး။ ကိုယ့်အတွက် အခွင့်အလမ်းက ဒီတစ်လမ်းပဲ ရှိတာ။
အဲဒီတော့ နိုင်ငံရေး ဆိုတာ သိပ်ပြီး စိတ်ကူးယဉ်လို့ ရတာမဟုတ်ဘူး။ Value Politics လုပ်လို့မရဘူး။ တရားတယ်။ မတရားဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ စံမီတယ်။ စံမမီဘူး။ ဒါတွေ စဉ်းစားလို့ မရဘူး။ Reality နဲ့ သွားရမှာ။ ပကတိ အခြေအနေကို လေးလေး နက်နက် သုံးသပ်၊ ဘာဖြစ်မယ်ဆိုတဲ့ အနာဂတ်ကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုတင် ခန့်မှန်း နိုင်ရမယ်။ ပြောရရင် ပညာပိုင်း သိပ်ဆန်လာပြီ။ အရင်ကလို လွယ်လွယ်နဲ့ ဟိုမဲထည့်ပါ၊ ဒီမဲထည့်ပါ စသဖြင့် ဒါမျိုးလောက်နဲ့ မရဘူး။ အခုဟာက ခွင်သစ်။ တခြား နိုင်ငံတွေရဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ Compare လုပ်လို့ မရသလို။ နိုင်ငံရေး သိပ္ပံပညာရှင် တွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုက်ရင်လည်း အံကိုက်မှာ မဟုတ်ဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲ။ Local Narrative ပေါ့။ ဒီနေရာမှာ Grand Narrative တွေနဲ့ ပြောလို့၊ တွက်လို့မရဘူး။
Voice : နိုင်ငံရေးသမားဟောင်း တစ်ဦးက ပြောဖူးတယ်။ သိန်းဖေမြင့်တို့ တုန်းကလည်း ဒီလိုပဲ အပျော့ဆွဲနဲ့ သွားဖို့ လုပ်ကြသေးတာပဲ။ ဒါပေမယ့် မရတာဘဲ အဖတ်တင်တယ်။ ဘာမှ မထူးပါဘူး။ အခုလည်း အပျော့ဆွဲသမားတွေ သွားမှာပဲလို့ ပြောဖူးတယ်။
MSS : ငါကတော့ ဒုန်းဒုန်းချပဲ။ အတိတ်ကို မကြည့်ဘူး။ မြန်မာပြည် နိုင်ငံရေး သမိုင်းရဲ့ အတိတ် ဖြစ်စဉ်တွေက အသုံးဝင်တဲ့ လမ်းညွှန်မှု မဟုတ်နိုင်ဘူး။ အနာဂတ်ကို ကြည့်နိုင်တာ Analytical Power ပဲ။ ရှေ့ ဘာဖြစ်နိုင်မလဲ ဆိုတာ တွက်နိုင်တာ ဒါပဲ။ အတိတ်ကိုမျှော် ပြန်ကြည့်ပြီး အတိတ်က ဖြစ်ရပ်တွေ ဖြစ်စဉ်တွေနဲ့ နိုင်ငံရေးကို ဆက်သွားမလား။ အခု Given (ပေးချက်)၊ အခြေခံဥပဒေ ရှိထားတယ်။ ရွေးကောက်ပွဲကို စစ်တပ်က Sponsor လုပ်တယ်။ ဒါ အရှိတရားပဲ။ ဘယ်လို အင်အားစုတွေက ဘယ်လိုဖြစ်ပြီးတော့ ဘယ်သူက ဘယ်အတန်းကနေ Shape လုပ်မလဲ။ ဒီနေရာမှာ Shape လုပ်နိုင်တာ သုံးခုရှိတယ်။ အရင်တုန်းက Ideology ခေါ်တာပေါ့။ သဘောတရားတွေပေါ့။ အရင်တုန်းက လက်ဝဲ သဘောတရား၊ လက်ယာ သဘောတရား စသဖြင့် ကွန်မြူနစ်တို့၊ ဆိုရှယ်လစ်တို့ စသဖြင့် ရွေးကောက်ပွဲမှာ လွှမ်းမိုးခဲ့တယ်။ အခုလာမယ့် ရွေးကောက်ပွဲ မှာတော့ ဒါ မဆီလျော်တော့ဘူး။ ဒါ Shape မလုပ်ဘူး။ Ideology ရှာဖို့ မလိုဘူး။ အတိတ် ပြန်ကြည့်နေဖို့ မလိုဘူး။ နှစ်ခုပဲ ရှိတယ်။ လက်ရှိ အခြေအနေကို သေသေချာချာ သုံးသပ်ပြီး အနာဂတ် အလားအလာကို အမှန်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ခန့်မှန်းနိုင်ရမယ်။ Deeper Analysis of Reality and Better Prediction of Future ဖြစ်သွားပြီ။ ဖြစ်လာတဲ့ အဖြစ် အပျက်တွေ နောက်ကို မျှောလိုက်တာ၊ အဖြစ်အပျက်တွေနောက် နောက်မြီးဆွဲ လိုက်သွားတာပေါ့။ လက်ငုပ်နဲ့ မရတော့ဘူး။ လက်ငုပ်ဆိုတာ အရင် သိပြီးသားဟာတွေ ကျောင်းတုန်းက ဟာတွေပေါ့။ မရတော့ဘူး။ ဒါတွေ အောက်သွားမှာပဲ။
ဒုတိယက တိုင်းသူ ပြည်သားတွေရဲ့ နေ့စဉ်ဘဝ Micro Politic ပေါ့။ ဒါက အရေးပါလာတယ်။ အဲဒီတော့ Grand Narrative တွေ Grand Value တွေက အောက်သွားပြီ။ ဒီလာမယ့် ရွေးကောက်ပွဲမှာ Policy တွေ Strategy တွေ စသဖြင့် ကြီးကြီး ကျယ်ကျယ် ခမ်းခမ်း နားနားတွေ ဖြစ်ဖို့မလိုဘူး။ လက်တွေ့ဘဝနဲ့ ဟပ်တဲ့ဟာတွေ ဖြစ်ဖို့လိုတယ်။ ဒါကတစ်ချက်။ ဒုတိယ တစ်ချက်က အစိုးရ လုပ်တာ အသိအမှတ်ပြုရမယ်။ Infrastructure Base Policy Program ပါမှ ဆီလျော်မှာ။ အိပ်မက်မက်ပြီး Ideal တွေနဲ့ လျှောက်ပြောလို့ မရဘူး။ လက်တွေ့ဘဝနဲ့ အရှိတရားပေါ်မှာ မူတည်ပြောရမှာ။ အရင်က Validity တွေ Logic တွေပေါ်မှာ စဉ်းစားတာ။ Idea တစ်ခုပေါ်ရင် ခိုင်လုံလား၊ မခိုင်လုံလား။ လက်တွေ့ ဆီလျော်လား။ ဒီအပေါ်မှာ စဉ်းစားတာ အခု Validity ကို မကြည့်ဘူး။ အခြေအနေနဲ့ ဆက်စပ်လား၊ ဆီလျော်လား၊ မဆီလျော်လားကို ကြည့်တာ။
နောက်လူထုကို ပညာပေးဖို့ ဘာဖို့ ညာဖို့ ဆိုတာတွေက Theory Type တွေပဲ။ လက်တွေ့မှာ လူထုက ပုံသွင်းခံရတာ။ လူထုကို ဘယ်လောက် Manipulate လုပ်တယ်ဆိုတဲ့ စကားလုံးပဲ။ နိုင်ငံရေး ပါတီတွေကပဲ Manipulation Power ရှိမလား။ အနိုင်ရပါတီကပဲ Manipulation Power ရှိမလား။ ဒါအားပြိုင်တာပဲ။ အခုဟာက ခွင်သစ်ပဲ။ ဒီတော့ New Paradigm, New Language ပဲ။ ဒီတော့ အတိတ်က မဆီလျော်တော့ဘူး ထင်တယ်။ ဒီတော့ အနာဂတ်ကို ပုံဖော်နိုင်ဖို့ပဲ အရေးကြီးတယ်။
Voice : လက်ရှိ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုမြင်သလဲ။ ဘယ်လိုဖြေရှင်းနိုင်မယ်လို့ သုံးသပ်မိပါသလဲ။
MSS : ဒါကို ဖြေရှင်းနိုင်တာ ရွေးကောက်ပွဲနဲ့ ပါလီမန်ပဲ။ တခြား Forum က မဖြစ်နိုင်ဘူး။ Theory အရ ပြောရရင် ဒေါင်လိုက်နဲ့ အလျားလိုက် ဆိုပြီး နှစ်မျိုး ခွဲကြည့်ရမယ်။ ဒေါင်လိုက်ဆိုတာ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေး၊ သမိုင်း စတဲ့ ယဉ်ကျေးမှု စံနှုန်း တွေကို အခြေခံတယ်။ အလျားလိုက်ဆိုတာ လူတန်းစား၊ ဝင်ငွေ၊ ပညာအဆင့်အတန်း၊ မြို့ပြနဲ့ ကျေးလက် အလုပ်အကိုင် အမျိုးအစား စတဲ့ စီးပွားရေး လူမှုရေး အလွှာကို ဆိုတာ။ ရွေးကောက်ပွဲ ဆိုတာ ဒီနှစ်ခုကို Dialougue လုပ်ဖို့ တည်ဆောက်တာ။ တိုင်းရင်းသား စည်းလုံးရေး အမျိုးသားရေးတွေဆိုတာ အပြင်မှာ ပြောလို့မရဘူး။ လွှတ်တော်မှာ ဖြေရှင်းရမှာ။ လူမျိုးစု၊ လူတန်းစား ပြဿနာတွေကို လွှတ်တော်ထဲမှာ ဖြေရှင်းနိုင်ရမယ်။ ဒါမျိုး ဖြေရှင်းနိုင်မယ့် အလားအလာ ရှိတယ်လို့ ငါ ယူဆတယ်။ ဒါက မေးလို့သာ ပြောရတယ်။ ငါတို့က တကယ့် လက်တွေ့ အခန်းကဏ္ဍမှာ ကုန်နေပြီ။ ပစ်ပြီးသား ကျည်ခွံတွေ ဘာမှ အသုံးမကျတော့ဘူး။ အခုဟာက New Generation ကို Shape လုပ်ရမှာ။ ကိုယ်ပါဖို့ မဟုတ်တော့ဘူး။
Voiceး The Waves ထဲမှာ ဆရာ ရေးထားတာက တစ်ခုရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တပ်နဲ့ အစိုးရ ခွဲလို့ မရဘူး ပေါင်းရမယ်ဆိုတာလေ။
MSSး ဟုတ်တယ်လေ။ အခုဟာက Military နဲ့ Deal လုပ်ရမှာ။ မနူးမနပ်တွေ ၈၈ တုန်းက တော်တော် ထိန်းခဲ့ရတယ်။ ရွေးကောက်ပွဲ နိုင်ရင်ပဲ ချက်ချင်း အာဏာ ရတော့မယ် ထင်ပြီး Antimilitary လို့ အော်ကြပြုကြနဲ့ ဒါတွေမှားတာပဲ။ သူ့ရဲ့ Role ကို အသိအမှတ် ပြုရမယ်။ သူနဲ့ Deal လုပ်ရမယ်ဆိုတာ အစကတည်းက ငါပြောနေတာ။ အခုပဲ အသိ တစ်ယောက်က ပေးလို့ ရထားတာ ဆင်မြူရယ်ဟန်တင်တန်ရဲ့ Soldier and State ဆိုတဲ့ စာအုပ်ထွက်နေပြီ။ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေးက နိုင်ငံတိုင်းမှာ ရှိတယ်။ အခုမှ သူတို့က သီအိုရီ ထုတ်တာ။ ဒါကို ငါတို့က လက်တွေ့ ကြုံခဲ့ရတယ်။ သီအိုရီ မထုတ်လို့သာပဲ။ ဒီတော့ Total Negative သွားလို့ မရဘူး။
Voice : တစ်ချို့က ထောက်ပြတယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပါတီတွေများပြီး အလုပ်မဖြစ်ခဲ့ဘူးပေါ့။ အခုလည်း ဒါမျိုး ဖြစ်လာနိုင် မလားပေါ့။
MSS : ဒါက လက်ရှိ Structure Limitation ကို မသိလို့ပြောတာ။ အခုက စစ်တပ်က Guardian Role ယူထားတာ။ ၂၅ ရာခိုင်နှုန်းလည်း ယူတယ်။ Guardian of the States, Guardian of the Democracy ရယ်။ Double Guardian ယူထားတာ။ ပါတီတွေများလည်း ရွေးကောက်ပွဲက စစ်ထုတ်သွားမှာပဲ။ ၁၉၉၀ တုန်းက ဘယ်သူမှ Manipulate မရှိဘူး။ Raw ပဲ။ အခုက Manipulate လုပ်လာနိုင်တယ်။ လူထုရဲ့ သဘောထားကို Mold လုပ်လာနိုင်တယ်။ ဒီနေရာမှာ တချို့က Potential ထက် အကန့်အသတ်ကို ကြည့်ရမယ်။ Live ကို ရှာဖွေ နိုင်မှ Clever Policy ဆန်မှာ၊ ရှေးဟောင်းနိုင်ငံရေး အယူအဆတွေနဲ့ ကြည့်လို့မရဘူး။ အခု ဖြစ်နေတာနဲ့ ခေတ်ဟောင်း နိုင်ငံရေးနဲ့က Relevant မဖြစ်ဘူး။
Voice : နိုင်ငံရေး ပုံစံသစ်က အကောင်းဖြစ်လာနိုင်မလား။ အဆိုးဘက်ကို ရောက်သွားနိုင်မလား။
MSS : I can't predict . ဒါက အရေးကြီးတဲ့ မေးခွန်းပဲ။ စနစ်သစ်နဲ့ သွားမယ့် နိုင်ငံရေးက ဘယ်လောက် ခိုင်မယ် ဆိုတာ မပြော နိုင်ဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် သုံးမျိုး ပြောင်းသွားပြီ။ ပါလီမန် ဒီမိုကရေစီ၊ ဆိုရှယ်လစ်စနစ်၊ အခု စစ်အုပ်ချုပ်ရေး စနစ် နောက်ဆုံး အခုကြုံရမယ့်ဟာက Democracy (လမ်းညွှန်ခံ ဒီမိုကရေစီပေါ့)။ ဘယ်လောက် ခံမလဲဆိုတာက လူတွေ၊ ဖွဲ့စည်းပုံ ဆွဲတဲ့ လူတွေက ဘုရားမဟုတ်ဘူး။ ကံပေါ်လည်း မူတည်သေးတယ်။
Voice : ဒီနေရာမှာ ပါဝင်တဲ့ Player တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါမယ် ထင်တယ်။
MSS : မှန်တယ်။ Player တွေပေါ် မူတည်တယ်။ သူတို့က Flexible ဖြစ်ဖို့လိုတယ်။ Bargain and Deal ပဲ။ ရွေးကောက်ပွဲပြီး ပေါ်လာမယ့် လွှတ်တော်က Engagement Forum ပဲ။ ဒီ Forum က အပေးအယူ လုပ်ဖို့ စေ့စပ်ဖို့ပေါ့။ ဒီ Forum တစ်ခုပဲ ရှိသင့်တယ်။ ကျန်တဲ့ Political Action တွေ ရပ်သင့်တယ် ထင်တယ်။ ရွေးကောက်ပွဲ လွှတ်တော် ပေါ်လာရင် ပါလီမန် Politic တစ်မျိုးပဲ ဖြစ်သင့်တယ်။ ကျန်တာတွေ ပျောက်သင့်တယ်။ ယှဉ်တွဲ နေရင်တော့ တိုင်းပြည်ရဲ့ ကံကြမ္မာက ဆိုးသွားနိုင်တယ်။ ဒီတော့ နိုင်ငံရေး ပုံစံသစ်က ကောင်းမလား၊ ဆိုးမလား ဆိုတာ ကျန်တဲ့ Political Action တွေ တွဲနေဦးမလား၊ မတွဲနေဘူးလား ဆိုတဲ့ အပေါ် မူတည်တယ်။
Voice : နိုင်ငံရေးသမား တချို့နဲ့ လူငယ်တချို့ရဲ့ အယူအဆတွေက Revolution ဆိုတာ သွေးစွန်းရမယ်ပေါ့။ ဒီအယူအဆအပေါ် ဆရာ ဘယ်လို သဘောရပါသလဲ။
MSS : ဒါတွေ ကြားဖူးတာ ကြာပြီ။ မြန်မာပြည် နိုင်ငံရေးမှာ သုံးချက် သတိထားရမယ်။ တစ်အချက်က လေကြီးမိုးကြီး သမားတွေ၊ ဒီလို လူမျိုးတွေ မပေါ်ဖို့ လိုတယ်။ အခုက အစွန်းရောက် ဝါဒတွေ ကျဆုံးနေတဲ့ အချိန်ပဲ။ ကွန်မြူနစ်ပါတီ ပြိုလဲတာ ဒါပဲ။ ဖြုတ်၊ ထုတ်၊ သတ် တွေ ဘာတွေနဲ့ လုပ်ကုန်ကြတာ။ ဒီလို လူမျိုးတွေက Honesty မရှိဘူး။ နိုင်ငံရေးက Emotion အခြေခံ လို့ မရဘူး။ Logic နဲ့ Reality ပဲ။ အသည်းမာမှရမယ်။ နောက်တစ်မျိုးက Hypocracy (သူတော်ကောင်း ယောင်ဆောင်တာ) အပြောတစ်မျိုး၊ အလုပ်တစ်မျိုး သမားတွေ။ နောက်ဆုံး တစ်မျိုးက လူပိန်းကြိုက် လျှောက်ပြောနေကြတာ။ ဒါကို သတိထား ရမယ်။ အခုဟာက Emotion ထက် Intellectual ဖြစ်ကြဖို့ လိုတယ်။ အကြံပိုင်း ဉာဏ်ပိုင်းနဲ့ လေးလေးနက်နက် စဉ်းစားပြီး သွားဖို့လိုတယ်။
Voice : ဘာပြောစရာများ ကျန်သေးသလဲ ဆရာ။
MSS : ရွေးကောက်ပွဲ ဘာညာဆိုတာကတော့ ငါတို့က အပြင်ဝေဖန် သုံးသပ်သူပဲ။ ကိုယ်တိုင် Player မဟုတ်ဘူး။ အခု နိုင်ငံရေး ဆောင်းပါးတွေ ရေးတယ်ဆိုတာ နိုင်ငံရေးသမားမို့ ရေးတာ မဟုတ်ဘူး။ Columnist တစ်ယောက်အနေနဲ့ ရေးတာ။ ဘယ် Issue ကိုမဆို ရေးတာပါ။
ကျော်ဆန်းမင်း
8 comments:
မှတ်သားဖွယ်ရာလေးများ။
နည်းနည်းလည်းမှတ်မိတယ်.။
ဒုတိယ ကဘာစစ်တွင် ဦးနေ၀င်း လွတ်လပ်ရေးကို
ရရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် ။
လူကြီးတွေလက်ထက် တော်လှန်ရေးခေတ်မှာ....
ပြည်ပြေးတွေ.စစ်သုံးပန်းတွေ.ရှိခဲ့ကြပါတယ်တဲ့..
ကျွန်ုပ်တော့စာမာသင်ဖူးပါတယ်..။
လူကြီးတွေလက်အောက်ရောက်တော့ ဒုခသေ..
ရာဇ၀တ်သား.အကျင်းသား.တောင်သား..။
စစ်ကြောသူနှင့်..ဗိုလ်ချုပ်အောင်ဆန်းကြိုးစင်တက်
တော့ ။ တပ်မတော်ကို ဦးနေ၀င်းကတာဝန်ယူခဲ့
တာ မှန်ပါတယ်။ ငြိမ်ဝပ်ပိပြားရေး လမ်းစဉ်လည်း
ကျပါတယ်။ ၁၉၈၈ ။ရောက်တော့ မှန် မ မှန်ဘူး
ဆိုတာအားလုံးသူမြင်ကြရပါတယ်.။
ဒေါ်အောင်ဆန်းစုကြည်လက်ထက်ရောက်ရင်..
မြန်မာပြည်ကမိကလေးတွေကို တော်လှန်ရေး..
အဖျက်သမားတွေနှင့်ပေါင်းပြီး ထိုင်းနှိင်ငံ တွင်..
ရောင်းစားနေကြတယ်.အေးတွေကို ကျွန်ုပ်တော့
ကိုယ်တိုင်ကိုယ်ကြမိပါတယ်။နိုဗယ်ဆုရှင်တွေပေါ့။
နောက်တခါမိရင်ဘယ်လိုလုပ်ကြရမှာလည်း..။
နှိင်ငံတော်.အာဏာပိုင်တွေကြတော့.ဘယ်လိုလုပ်
ကျွန်တော်။ထိုင်းနှိင်ငံ။မူ့ခင်းမှတ်တမ်း နှင့် မူးယစ်
ဆေးဝါးထိမ်းချုပ်ရေးကပါ ။
nyi မင်းပြောတာတွေကို တစ်ခုမှနားမလည်ဘူးကွာ...မြန်မာလိုရေးတာမှန်ပေမယ့် ဘာတွေရေးမှန်းကိုမသိတာ :D...ဆောင်းပါးထဲက dialogueလေးကတော့ ကောင်းပါတယ်...
ရွေးကောက်ပွဲ ဥပဒေတို့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်တို့ ဆိုတာ အာဏာရ ပါတီရဲ့ ဝှက်ဖဲပဲ။ သူ့ဝှက်ဖဲ ဘယ်အချိန် ချပြမလဲ ဆိုတာ မသိသေးဘူး။ သူတို့လည်း တွက်မှာပေါ့။ ဒါက ဒီမှာတင် မဟုတ်ပါဘူး။ နိုင်ငံတိုင်းရဲ့ ရွေးကောက်ပွဲ တွေမှာ ဘယ်အချိန် ရွေးကောက်ပွဲ ကျင်းပမလဲ ဆိုတာ ဝှက်ဖဲပဲ။ အဲဒီတော့ ဒီမှာက ပုံစံကျ စဉ်းစားလို့ မရဘူး။ ပုံစံကျ Theoretically စဉ်းစားရင်တော့ ရွေးကောက်ပွဲ ဥပဒေတို့၊ ပါတီစည်းရုံးခွင့် တို့ကို ခြောက်လလောက် အချိန်ပေးတယ်။ ဒါပေမယ့် ဒီမှာက ဘယ်လောက် ပေးမယ် မသိရသေးဘူး။ ပါတီဖွဲ့ဖို့တို့ ဘာတို့ညာတို့ ဆိုတာထက် အခုဟာက အာဏာရ ပါတီ ဆိုတာ ဘယ်ပုံစံနဲ့ ပေါ်လာမလဲ မသိသေးသလို အာဏာရ အဖွဲ့အစည်းနဲ့ ပြိုင်မယ့် ပါတီတွေကလည်း ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲဆိုတာ မသိသေးဘူး။
I agree with other sayings, however, junta should allow the formation of the political parties as early as possible for they can prepare themselves with enough time, because this is the first time for Myanmar to prepare for Multi-party Elections since 1990.
နိုင်ငံတိုင်းရဲ့ ရွေးကောက်ပွဲ တွေမှာ ဘယ်အချိန် ရွေးကောက်ပွဲ ကျင်းပမလဲ ဆိုတာ ဝှက်ဖဲပဲ။
It is true for some countries such as UK where the ruling party cheat always with Elections Time Table. However, the other European countries have the predefined exact Time table for the Elections so that the ruling party can not cheat. As far as I know, the only European country where the ruling party decide when to hold the Elections (it varies between 3 and 5 years of a government term) is UK.
ဆရာပြောတာ အကုန်လုံး ကြိုက်တယ်၊ အကုန် သဘောကျတယ်၊ ဒါပေမယ့် ရွေးကောက်ပွဲကို စစ်တပ်က ဟန်ပြ လုပ်ပြီး သူ့လူတွေချည်း ရအောင် ညစ်မယ်၊ ဒီမိုကရစီကို မုဒိန်းကျင့်မယ် ဆိုရင် ဘယ်လို တုန့်ပြန် ကြရမလဲ ၊ အဲဒီကိစ္စ ကော ဆရာ ဘာတွေ ကြိုမြင်ထားလဲ မေးချင်တယ်။
forum,
ခင်ဗျားရဲ့မေးခွန်းကို ဖြေနိုင်ရန် ဆရာမောင်စူးစမ်း လဲ စူးပြီး စမ်းနေဆဲမို. မဖြေတတ်သေးပါ... တဲ့။
ကိုNyi ခင်ဗျား
ကို NYI က ဒီလိုပြောပါတယ်၊
ကျွန်တော်။ထိုင်းနှိင်ငံ။မူ့ခင်းမှတ်တမ်း နှင့် မူးယစ်
ဆေးဝါးထိမ်းချုပ်ရေးကပါ ။
ထိုင်းနိုင်ငံအတွင်းက မြန်မာတွေ ကိစ္စတွေ ပြောချင်ပုံ ရပါတယ်၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ထိုင်းလူမျိုး ဝန်ထမ်းလို့ ထင်ပါတယ် ၊ ကိုညီရေးတဲ့ မြန်မာစာက အဆက်အစပ် လိုနေလို့ သိပ်နားမလည်ဘူး၊ ဒါပေမယ့် ဘာပြောချင်တာလည်း သိချင်ပါတယ် ၊ ရင်းနှီးတဲ့ မြန်စာစာတတ် တယောက် အကူအညီ ယူပြီး ရေးပေးပါလား၊ ကျေးဇူးတင်ပါတယ် ။
//။မှတ်သားဖွယ်ရာလေးများ။
လူအများစုနေထိုင်လျှက်
ရှိသောWORLD။ မြေကြီးကို...။
မနက်ဖန်သို့ရောက်တဲ့အခါ....။
။ ဒီအကြောင်းတွေကို စာတွင်သင်ကြားဖူးပါယ်။
နယ်ချဲ့စနစ်..စာတမ်းတွင်Year,1884-1900ခုနှစ်
များကြားတွင်>+ WORLD ON,-+ ဆိုရှယ်လိုက်=
နှင့် ဒီမိုကရက်တစ်ပါတီတော့ဉ်မူကား=အခြားသော
ပါတီများကဲ့သို့မဟုတ်ချေ >ပြန်လည်ပြင်ဆင်ရေးဝါ
ဒ၏ အန်တရာယ် ကိုကောင်းစွာတွက်ချက် သိမြင်
ခြင်းရှိသည့်အလျှောက် ဆိုယ်ရှယ်လိုက် ဒီမိုကရက်
တစ်ပါတီအတွင်း..ဒုတ်ခ.လှလှ.ကြီး ဒုခ်ခ .ပေး
မည့်ပြန်လည်ပြင်ဆင်ရေး ၀ါဒ၏ ။
ပုတ်ခတ်မူ့များသည် ရက်ရက် စက်စက် မညှာမ
တာဖေါက်ထုပ်ပစ်လိုက်ခြင်းပြုသည့် ။ အနာပဆုပ်
နှင့်တူလှသော ပြန်လည်ပြင်ဆင်ရေး ၀ါဒသမားများ
နှင့် အပြီးသတ်စရင်းရှင်းခြင်းပြုလေသည် ။
။ >။ ကျွန်ုပ် တော့စာပေတွင်သင်ကြားဖူးပါတယ် ။
ဒုတိယWORLD,WOR,အပြီးတွင် အမေရိကန် အ
စိုးရ လက်ဝါးကြီးအုတ် အရင်းရှင်များက ဦးဆောင်
သော တီတိုး နှင့် ခေတ်သစ်ပြန်လည်..။
ဒီမိုကရေစီဆန့်ကျင်ရေး နှင့် See.WORLD WOR
in,စစ်ပြုရေး ဂိုဏ်းကြီးနှင့် ဆိုဗီယက် ယူနံယံ../
နှိင်ငံတကာ အမျိုးသားလွတ်လပ်ရေးပါတီများနှင့်
စစ်ဆန့်ကျင်ရေး ///။ပဠိပကခ်ဖြစ်နေချိန်...//။
အရေးအခင်းမှာ။ စတာလင်။ ဦဆောင်သောဆိုဗီယ
က်ပါတီက၄င်း အကြိမ်ကြိမ် အတန်တန် ဝေဖန်ခဲ့
လေသည် ။
လူ့အားစွမ်းပကားဖြင့် ပေါ်ပေါက်လာရသော ကုန်.
စည်တော့နှင့် //။က။ လူကိုပင်ပြန်ပြီးချုပ်ကိုင်လွမ်း
မိုးလာသော ဘ၀နှင့် ဆိုလိုခြင်းတော့တွင်ပါရှိသည်.
I feel so sad in reading one sentence from wikipedia...."Myanmar was one of the richiest country in the world"
Yes,,we did.....Now, we are in the world poorest nations list. Why? There was no one after General Aung San who worked for nation, all idiot leaders worked for themselves..To rule the country...what they want is "power"..not peace..50 years we had been in war..fighting each others..
We have everything..natural resources, strategic position between two super powers,,the best harbour position from asia to west..
However, we have achieved nothing...Why??? We are lacking one word called "peace"...All people want "democracy" since 1948. Unfortunately, this word falls into the most selfish persons called themselves "generals"
Post a Comment